တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ စဉ့်ကူးမြို့မြင်ကွင်း (Photo News)

တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ စဉ့်ကူးမြို့မြင်ကွင်း (Photo News)

တော်လှန်ရေးတပ်တွေသိမ်းယူထားတဲ့ စဉ့်ကူးမြို့ကို တိုက်ပွဲတွေအပြီး ယခုစက်တင်ဘာလအတွင်းမှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။

မြေပြင်မှာရှိနေတဲ့သူတွေရဲ့ ပြောကြားချက်အရ မြို့အတွင်းကို တော်လှန်ရေးအဖွဲ့တွေ ထိန်းသိမ်းထားဆဲဖြစ်ပြီး ပြည်သူတွေလည်း ပြန်လည်နေထိုင်တာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ပြည်သူတွေအနေနဲ့ မိမိနေအိမ်ကို ပစ္စည်းဝင်ယူခွင့်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ခွင့်ပြုချက်နဲ့ ဝင်ယူလို့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့ဟာ ယခင်က ဝန်ထမ်းမြို့အဖြစ်ထင်ရှားပြီး အစိုးရဝန်ထမ်းပေါများတဲ့မြို့ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က စဉ့်ကူးမြို့ရဲ့အနောက်ဘက် ကျောက်မြောင်းတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိသလို မြို့ရဲ့အနီးတဝိုက်နေရာတွေကိုလည်း နေ့စဥ်နီးပါး လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။

#မြေလတ်အသံ

#စဉ့်ကူး #PhotoNews #မြို့သိမ်းတိုက်ပွဲ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10