တော်လှန်ရေးတပ်ဖွဲ့တွေ မဟန့်တားနိုင်တဲ့ လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်မှု (ရုပ်သံဆောင်းပါး)

စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီက ပြန်လည် လည်ပတ်နေပါတယ်။ အညာဒေသအပါအဝင် နိုင်ငံအနှံ့မှာ ပြည်သူတွေကို သတ်ဖြတ်တာ၊ လူနေအိမ်မီးရှို့တာတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီနဲ့ အကျိုးတူပူးပေါင်းကာ တရုတ်က ကြေးနီးတွေကို ဆက်လက်ထုတ်လုပ်နေတာပါ။ 

အခုလိုအချိန်မှာ စက်ရုံကိုလည်ပတ်ပြီး ကြေးနီထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့လုပ်ရပ်ဟာ မြန်မာပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အားပေးရာရောက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးသပိတ်ကော်မတီတွေက ပြောပါတယ်။

ဒါကြောင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မလည်ပတ်ဖို့ ဒေသခံသပိတ်ကော်မတီနဲ့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုတာ၊ ကြေးနီသယ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် ဟန့်တားတာတွေ လုပ်ပေမယ့် အဲဒီကြားထဲကပဲ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီက ကြေးနီတွေကို ဆက်လက်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ 

တည်းဖြတ် - HP

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #လက်ပံတောင်းတောင် #တော်လှန်ရေး #တရုတ် #ကြေးနီထုတ်လုပ်မှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10