တော်လှန်ရေးအတွက် ဖခင်ကို ကျောခိုင်းခဲ့တဲ့ ‌၁၀ တန်းကျောင်းသူ (ရုပ်/သံ)

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းစဉ်မှာ ယင်းမာပင်က ကျောင်းသူတဦးဟာ ၁၀ တန်းကျောင်း တက်လက်စနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ၁၀ တန်းအောင်ပြီးရင် ရဲမေဖြစ်ဖို့ ရည်ရွယ်ထားပေးမယ့် အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ရဲတွေက အကြမ်းဖက်ဖြိုခွင်းတာ တွေလုပ်တာကြောင့် ဒီလုပ်ရပ်တွေကိုမြင်ပြီး သူရဲ့ရည်ရွယ်ချက်လည်း ပြောင်းလဲသွားခဲ့ပါတယ်။ အဆိုပါ ၁၀ တန်းကျောင်းသူဟာ အသက် ၁၉ နှစ်အရွယ်ရှိပြီး စစ်ကိုင်းတိုင်း ယင်းမာပင်မြို့သူ ဖြစ်ပါတယ်။

သာမန်တောင်သူမိသားစုထဲက မွေးဖွားကြီးပြင်းလာတာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ဖြစ်ချင်တဲ့ ဆန္ဒ၊ ရည်မှန်းချက်တွေ ပြောင်းပြန်ဖြစ်ခဲ့ရပေမယ့် အဲဒီကမွေးထုတ်ပေးလိုက်တဲ့ တော်လှန်ရေးစိတ်ကိုတော့ သူမ လက်လွတ်မခံခဲ့ပါဘူး။ ဒီတော်လှန်ရေးကြီး မပြီးမချင်း အိမ်ကိုလုံးဝ ပြန်မလာဘူးလို့ ဖခင်ကို ယတိပြတ် ‌ပြောခဲ့ပြီး ကျော်ခိုင်းခဲ့သူလည်း ဖြစ်ပါတယ်။

 

သတင်း နှင့် တည်းဖြတ် - ငြိမ်းဇော် #အမျိုးသမီးကဏ္ဍ

# မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10