တံတားဦးမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးရပ်ကျေးကော်မတီဝင် ၁ ဦး အသတ်ခံရ

တံတားဦးမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ ကြံ့ခိုင်ရေးရပ်ကျေးကော်မတီဝင် ၁ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ထနောင်းကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်သတင်းပေးဆိုသူ ကြံ့ခိုင်ရေးပါတီ ရပ်ကျေးကော်မတီဝင် ၁ ဦးအသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂ ရက် ည ၉ နာရီခွဲခန့်မှာ ထနောင်းကိုင်းကျေးရွာကအသက် ၅၀ ကျော်အရွယ်ရှိ အုပ်ချုပ်ရေးမှူးဦးမိုးနွယ်ကို ၎င်းရဲ့နေအိမ်ထဲမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အဲဒီအုပ်ချုပ်ရေးမှုးက အဲဒီဘေးရွာက ၁၀ ရွာလောက်ကိုတောင် သြဇာညောင်းတယ်။ ဧည့်စာရင်းကိစ္စတွေ၊စစ်မှုထမ်းကိစ္စတွေမှာ ရှေ့ကနေ ဦးဆောင်လုပ်လို့အရှင်းခံရတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးမိုးနွယ်ကထွက်ပြေးဖို့ကြိုးစားပေမယ့် တော်လှန်ရေးတပ်တွေက ခြံဝန်းကိုဝိုင်းထားတဲ့အတွက် ခြံရှေ့မှာပဲဖမ်းမိခဲ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ထနောင်းကိုင်းရွာက အသက် ၄၄ နှစ်အရွယ် ကြံ့ခိုင်ရေးရပ်ကျေးကော်မတီဝင် ဦးကျော်ဦးကိုလည်း ရွာကနေပြန်အထွက်မှာ ပစ်ခတ်သွားတယ်လို့ သိရပါတယ်။

"ဒီလူကတော့ စစ်တပ်သတင်းပေးမို့ရှင်းတာပါ"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ရှင်းလင်းခံရသူ ၂ ဦးစလုံးဟာ နေရာမှာတင်သေဆုံးခဲ့တယ်လို့သိရပါတယ်။

တံတားဦးမြို့နယ်၊ ကျေးရွာတွေဘက်မှာ စစ်ကောင်စီဟာ အုပ်ချုပ်ရေးမှူးတွေအကူအညီနဲ့ စစ်မှုထမ်းခေါ်ယူမှုတွေရှိခဲ့ကာ နေအိမ်တွေထဲအထိ ဝင်ဖမ်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တံတားဦး #အုပ်ချုပ်ရေးမှူး #ကြံ့ခိုင်ရေးပါတီဝင် #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10