တံတားဦးမှာ ကားတိုက်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံး

တံတားဦးမှာ ကားတိုက်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပြူကန်ကျေးရွာလမ်းခွဲအကျော် တံတားဦး - မြို့သာလမ်းမှာ ဟိုက်ဂျက်ကားတစီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိထနောင်းပင်ကိုဝင်တိုက်ရာက ယာဥ်မောင်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက် မနက် ၆ နာရီခွဲလောက်မှာ မြို့သာဘက်ကနေ မန္တလေးမြို့တွင်းကို အောက်ဆီဂျင်အိုးသယ်လာချိန်မှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။  

"ကားပေါ်မှာတော့ အော​က်ဆီဂျင်အိုးတလုံးပါတယ်။ အရှိန် ဘယ်လောက်များလဲတော့မသိဘူး။ လမ်းတဖက်ခြမ်း ယာဥ်ကြောကိုတောင်ရောက်ပြီး သစ်ပစ်နဲ့ဝင်တိုက်ပြီး ညှပ်ပြီးသေဆုံးသွားတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ 

ယာဥ်တိုက်မှုကြောင့် အသက် ၅၁ နှစ်အရွယ် ယာဥ်မောင်းဦးခင်မောင်ညွှန့်မှာ ခြေထောက်နဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာ ရပြီး နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တာပါ။ 

အလောင်းကိုတော့ ယာဥ်တိုက်မှုဖြစ်ပြီး တနာရီလောက်အကြာမှ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာပြီး တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်း  

 #မြေလတ်အသံ
#မန္တလေး #တံတားဦး #ယာဥ်တိုက်မှု #ယာဥ်မောင်းသေဆုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10