တံတားဦးမှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ တပ်သား ၃ ဦးသေဆုံး

တံတားဦးမှာ စစ်အုပ်စု မိုင်းဆွဲခံရလို့ တပ်သား ၃ ဦးသေဆုံး

တံတားဦးမှာ ဒီဇင်ဘာ ၅ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရလို့ တပ်သား ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ Young Fighters People's Defence Force of Myaung -YFPDF ဆီကသိရပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ တံတားဦးဘက်ကိုထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကား ၁ စီးကို သေနတ်စစ်ရွာအနီးမှာ မိုင်း ၃ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ YFPDF ရဲ့ တာဝန်ခံကပြောပါတယ်။

“ ၆ ဖွဲ့ပူးပေါင်းပြီး ပြောက်ကျားမိုင်းဆွဲတာပါ၊ မိုင်း ၃ လုံးပါ၊ သူတို့ဘက်က ၃ ယောက်သေပြီး ၁ ယောက်ဒဏ်ရာရပါတယ်” လို့သူကပြောပါတယ်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က နောက်ထပ် အင်အား ၁၀၀ ကျော်ရောက်ရှိလာပြီး ဖောက်ခွဲခံရတဲ့ အနီးနားတဝိုက်တောနင်းပြီး ရှာဖွေတာတွေလုပ်ခဲ့တယ်လို့လည်း YFPDF ရဲ့ တာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး YFPDF၊ မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ NZ FIVE STARအဖွဲ့၊ တော်ဝင်ဒေဝီ(ငါန်းဇွန်) နဲ့ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10