တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

တံတားဦးလေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်းရှိ တံတားဦးလေတပ်စခန်းကို အာဏာရှင်တော်လှန်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်းကာ ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီအချိန်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)အဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ တံတားဦးလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး (U.S.O)အပါအဝင် မဟာမိတ်ဖြစ်တဲ့ Security and Special Task Force ( SSTF - MDY ) အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်သော်လည်း ၅ လုံးသာ အောင်မြင်စွာပစ်ခတ်နိုင်ပြီး ထိခိုက်ပျက်စီမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ 

“ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး။ ပစ္စည်းတွေက မအောင်လို့ အောင်ရင် ၁၂ လုံး” ဟု Brave Warriors for Myanmar (BWM)အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

တံတားဦးလေတပ်စခန်းအနီးဝန်းကျင်ပတ်လည်က ကျေးရွာတွေမှာ စစ်ကောင်စီက ကင်းစခန်းတွေချထားပြီး လုံခြုံရေးကို တင်းကျပ်စွာချထားခြင်းကြောင့် အခုမစ်ရှင်ကို မြေပြင်တပ်ဖွဲ့တွေက ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရတာဖြစ်တယ်လို့  သူက ဆိုပါတယ်။ 

“ ၄ မိုင်ကျော်အကွာအဝေးလောက်က ပစ်ခဲ့တာ။ စစ်**တွေကို လုံခြုံရေးချထားတာက အဲဒီထက်ပိုဝေးတယ်။ သူတို့စည်းထဲကနေ ဝင်ပစ်ရတာ။ တော်တော်ခက်ခက်ခဲခဲကို ပစ်ခဲ့ရတာ” လို့ Brave Warriors for Myanmar (BWM) မှ ပြောရေးဆိုခွင့်ရှိသူက ဆက်ရှင်းပြပါတယ်။ 

တံတားဦးလေတပ်စခန်းဟာ လက်ရှိအခြေအနေမှာ အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေး အင်အားစုတွေ၊ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အများဆုံးအသုံးပြုနေတဲ့ လေတပ်စခန်းဖြစ်တာကြောင့် BWM နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြေပြင်မှာ သွားရောက်ပစ်ခတ်ခဲ့တဲ့ မြို့ပြအထူးစစ်ဆင်ရေး (Urban Special Operation-USO) ကလည်း ချွတ်ယွင်းမှုရှိခဲ့တဲ့ ၁၀၇ မမ ၇ လုံးမှာ သုံးမရတော့တဲ့အတွက် ရဲဘော်တွေ ဘေးကင်းနိုင်စေရန် ထားခဲ့ရခြင်း ဖြစ်ပြီး အဲဒီ ၇ လုံးကို စစ်ကောင်စီက သိမ်းဆည်ရမိသွားတယ်လို့ သတင်းရရှိကြောင်းနဲ့ ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံရာကို ရောက်ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ 

မစ်ရှင်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပေးခဲ့ကြတဲ့ ဒေသနယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ ရဲဘော်ညီကိုတွေကိုလည်း ကျေးဇူးအထူးတင်ကြောင်း မြို့ပြအထူးစစ်ဆင်ရေး (Urban Special Operation-USO) အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

#မြေလတ်အသံ

#မန္တလေးတိုင်း #တံတားဦးလေတပ်စခန်း #အာဏာရှင် #BWM #USO #SSTF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10