တံတားဦးအပိုင် အမြန်လမ်းပေါ်မှာ ရေကြီးနစ်မြုပ်လာလို့ ခရီးသွားကားတွေရပ်ထားရ

တံတားဦးအပိုင် အမြန်လမ်းပေါ်မှာ ရေကြီးနစ်မြုပ်လာလို့ ခရီးသွားကားတွေရပ်ထားရ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဆက်တိုက်ဆိုသလို ရေကြီးနစ်မြုပ်လာတဲ့အတွက် ခရီးသွားကားတွေဖြတ်သန်းခွင့်မပြုတော့ဘဲ ရပ်ထားရတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၃ ရက်မနက် ၁၁ နာရီခန့်စပြီး ကားလမ်းမိုင်တိုင်အမှတ် ၃၅၄၊ ၃၅၅၊ ၃၆၅ မှာရေကျော်ခဲ့ပြီး နေ့လယ် ၁ နာရီလောက်မှာ ရေပိုများလာတဲ့အတွက် ကားတွေဖြတ်သန်းသွားလာလို့မရတော့တာလည်း ဖြစ်ပါတယ်။ 

"လက်ရှိအခြေနေကတော့ ဟိုဘက်ဒီဘက် ပိတ်ထားတယ်။ ရေက တအားကိုတက်နေပြီ။ တံတားကျိုးပြီး အကုန်မြုပ်နေတယ်။ ရေက ကားလမ်းပေါ် ၃ ပေလောက်ရှိနိုင်မယ်။ (ကားတွေ) အကုန်ပိတ်ထားပြီ"လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် အမြန်လမ်းဘေးနေကျေးရွာတွေလည်း ရေနစ်မြုပ်နေတယ်လို့သိရပြီး ဘယ်ကျေးရွာတွေလဲဆိုတာကိုတော့  မြေလတ်အသံကအတည်မပြုနိုင်သေးပါဘူး။ 

ကားလမ်းရေကျော်နေလို့ ရန်ကုန်ဘက်နေ မန္တလေးကိုသွားမယ့် ခရီးသွားကား ၅၀ ကျော်ခန့်ပိတ်မိနေသလို မန္တလေးဘက်ကနေ ရန်ကုန်ဘက်လာမယ့်ကားတွေက ပြန်လှည့်ရတာတွေရှိပြီး စောင့်ဆိုင်းနေတဲ့ကားတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တံတားဦး #ရေကြီးနစ်မြုပ် #ကားလမ်းပိတ် #သဘာဝဘေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10