တွင်းမရွာက ပျူစောထီးစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး

တွင်းမရွာက ပျူစောထီးစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ပျူစောထီး ၁ ဦးသေဆုံး

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တောင်ပိုင်း၊ တွင်းမရွာက ပျူစောထီးစခန်းကို ဇွန် ၁၈ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတဦးသေဆုံးခဲ့တယ်လို့ Kamma Defence Force - KMDF အဖွဲ့ဆီက သိရပါတယ်။

တွင်းမရွာပျူစောထီးစခန်းသို့ စစ်ကောင်စီရဲ့ ရိက္ခာကား ၁၁ စီးရောက်ရှိနေချိန် ညနေပိုင်း ၄ နာရီ နဲ့ ၅ နာရီအကြားမှာ ဒရုန်း ၃ စီးနဲ့ ဗုံးကြချခဲ့တာလို့ Kamma Defence Force - KMDF တာဝန်ခံ ကိုနေသူရိန်က ပြောပါတယ်။ 

အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီးတဦးဖြစ်တဲ့ ဦးချစ်လွင်ရဲ့ ခြေထောက်ကို ဗုံးစထိမှန် သွေးလွန်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“တံကောက်ကွေးကို ဗုံးအစထိမှန်ပြီး မနက်က ၃ နာရီခွဲလောက်မှာ သွေးထွက်လွန်ပြီးသေတယ်၊နောက်ထပ် ပျူစောထီး အောင်နေစိုးကတော့ ဒဏ်ရာရတာပြင်းထန်းတယ်လို့ပြောတယ်၊ သူကသေတယ်လို့တော့ မသိရသေးဘူး” လို့ ကိုနေသူရိန်က ပြောပါတယ်။ 

ပျူစောထီးဦးချစ်လွင်ဟာ ၂၀၂၀ ရွေးကောက်ပွဲကာလက ကြံ့ခိုင်ရေးပါတီဝင်တဦးအဖြစ်တာဝန်ယူခဲ့ပြီး အခုအခါမှာတော့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖြစ် တာဝန်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။

Kamma Defence Force - KMDF တပ်ဖွဲ့ဟာ ၂၀၂၃ ဒီဇင်ဘာလကလည်း တွင်းမရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ သေးတယ်လို့ ဆိုပါတယ်။ 

တွင်းမကျေးရွာပျူစောထီးစခန်းတွင် တပ်ဖွဲ့ဝင် အင်အား ၄၀ နီးပါးရှိပြီး ရိက္ခာလာပို့တဲ့ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အားဟာ ၁၀၀ ဝန်းကျင်ရှိတယ်လို့ Kamma Defence Force - KMDF တာဝန်ခံ ကိုနေသူရိန်က ပြောပါတယ်။

အထက်ပါ တိုက်ခိုက်မှုကို Kamma Defence Force - KMDF ၊ မြိုင်ပကဖတပ်ရင်း ၁ တပ်ခွဲ ၁၊ တပ်ခွဲ ၂ ၊ ပေါက် ပကဖ ၊ BLYပြောက်ကျားတပ်ဖွဲ့ ၊ PDF Kamma ကမ္မတပ်ပေါင်းစု ၊ Dog Killer Task Force D K T F Pauk တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ပုံစာ - တွင်းမရွာမှ စစ်ကောင်စီတပ်သားများကို ဒရုန်းဗုံးကြဲတိုက်ခိုက်စဉ်။ (ပုံဟောင်း)

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #မြိုင်မြို့ #တွင်းမရွာ #ပျူစောထီး #ဒရုန်း #KMDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10