ထင်းခုတ်သွားတဲ့ ၁၆ နှစ်အရွယ်မိန်းကလေးတဦး မိုင်းနင်းမိလို့ဆေးရုံတင်ထားရ

ထင်းခုတ်သွားတဲ့ ၁၆ နှစ်အရွယ်မိန်းကလေးတဦး မိုင်းနင်းမိလို့ဆေးရုံတင်ထားရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာအနောက်ဘက်တောစပ်မှာ ထင်းခုတ်သွားတဲ့ အမျိုးသမီးငယ် ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းထိသူဟာ လယ်မကျေးရွာနေ အသက် ၁၆ အရွယ် မအိသော်တာမောင်ဖြစ်ပြီး စက်တင် ဘာလ ၂၂ ရက် မနက် ၁၁ နာရီလောက်မှာမိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"စစ်တပ်ဘက်က ထောင်ထားတဲ့မိုင်းကွင်းရှိတယ်။ မသွားဖို့လည်း တားထားတာရှိတယ်။ ဒါကို သွားရင်းထိတာ။ သူတို့က အဲ့လိုပဲတောထဲသွားနေကြ။ ထင်းခုတ်၊ နွားကျောင်းရင်း အခုကထိတာ"လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

မိုင်းထိတဲ့ဒဏ်ကြောင့် မအိသော်တာမောင်ရဲ့ခြေထောက်နဲ့ လက်တွေမှာမိုင်းစထိမှန်ခဲ့ကာ ပွင့်ဖြူဆေးရုံမှာ ဆေးကုသနေရပြီး စက်တင်ဘာလ ၂၄ ရက် ဒီနေ့အထိ ဆေးရုံကမဆင်းရသေးဘူးလို့ ဆိုပါတယ်။

လယ်မကျေးရွာအနီးမှာ စစ်ကောင်စီဘက်က မကြာခဏဆိုသလို စစ်ကြောင်းဝင်လာပြီး တပ်စွဲနေထိုင်လေ့ရှိကာ သူတို့စခန်းချရာဝန်းကျင်မှာ မိုင်းထောင်လေ့ရှိပြီး မိုင်းပေါက်ကွဲချိန်မှာတော့ စစ်ကောင်စီအဖွဲ့တွေ မရှိဘူးလို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ကလည်း စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်၊ ဥယျာဥ်စုကျေးရွာအနီးမှာ လယ်ထဲသွားတဲ့ လင်မယားနှစ်ဦး မိုင်းထိသေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - စစ်ကောင်စီအသုံးပြုသည့် မြေမြုပ်မိုင်းများ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #မိုင်းထိ #မိန်းကလေးငယ် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10