ထန်းတပင် စစ်မှုထမ်းဟောင်းဥက္ကဌ ပစ်ခတ်ခံရလို့ သေဆုံး

ထန်းတပင် စစ်မှုထမ်းဟောင်းဥက္ကဌ ပစ်ခတ်ခံရလို့ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တပြေးကျေးရွာမှာ စစ်မှုထမ်းဟောင်းဥက္ကဌဆိုသူ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
 
ဖေဖော်ဝါရီလ ၂ ရက်ညနေ ၄ နာရီ ၁၀ မိနစ်ခန့်က တပြေးကျေးရွာမှာ ထန်းတပင်မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဌ ဦးမြင့်သိန်း ၅၅ နှစ်ခန့်ကို ထန်းတပင်မြို့နယ် ပကဖ ဖီးနစ်အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
"မြေပြင်ကပေးပို့လာတဲ့သတင်းအရ သူ့ကိုသွားရောက်ပစ်ခတ်ရှင်းလင်းတဲ့အခါ သူနေနေတဲ့ခြံကနေ တပြေးရဲစခန်း စကစ တွေရှိတဲ့နေရာကိုပြေးတာ၊ အနောက်ကနေအဖွဲ့တွေက လိုက်ပစ်ခဲ့ရတယ်။ တပြေးစခန်းထဲမှာရှိနေတဲ့ စကစ တွေကတောင် ဒီဘက်ကအဖွဲ့တွေကို ပြန်ပစ်တာတွေရှိခဲ့သေးတယ်။ ဒါပေမယ့် အဖွဲ့တွေကထိခိုက်တာမရှိခဲ့ဘူး" လို့​ပြောပါတယ်။
 
မြင့်သိန်းဟာ တပြေးကျေးရွာက ပြည်သူပိုင်မြေတွေကို စစ်မှုထမ်းဟောင်းနာမည်နဲ့သိမ်းယူပြီး စစ်ကောင်စီနဲ့အကျိူးတူလုပ်ကိုင်နေသလို PDF သတင်းတွေကိုစုံစမ်းပြီး စစ်ကောင်စီကို သတင်းပေးနေတာကြောင့် ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဦးမြင့်သိန်းဟာ ပစ်ခတ်ရှင်းလင်းခံရလို့ ဦးခေါင်းပွင့်ထွက်၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာတွေရပြီး နေရာမှာဘဲသေဆုံးသွားတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာက အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်ဆိုသူဟာ ကျေးရွာထဲက ဆိုင်ကယ်ပြင်ဆိုင်မှာရှိနေချိန် ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာပြင်းထန်ရခဲ့သေးတယ်လို့ သိရပါတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10