ထန်းတပင် ခလရ ၇၃ အပါ ၄ နေရာထက်မနည်းကို ဝင်တိုက်ခိုက် ၂ နေရာကို မဟာမိတ်တပ်တွေ ထိန်းချုပ်ထား

ထန်းတပင် ခလရ ၇၃ အပါ ၄ နေရာထက်မနည်းကို ဝင်တိုက်ခိုက် ၂ နေရာကို မဟာမိတ်တပ်တွေ ထိန်းချုပ်ထား

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့အနီးရှိ ခလရ ၇၃ အပါအဝင် နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံရပြီး နေရာ ၂ ခုကိုတော့ ထိန်းချုပ်ထားနိုင်ပြီလို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ယနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၂ နာရီ ၄၀ ခန့်ကစတင်ကာ KNLA တပ်မဟာ ၂ နဲ့ ပူးပေါင်းတပ်တွေဘက်က ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ဆေးရေးဂိတ်၊ ခလရ ၇၃၊ ချောင်းချာစခန်းနဲ့ ရှားစေလိုးစခန်းတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

"မနက်အစောပိုင်းကတည်းက KNLA တပ်မဟာ ၂ က ဦးဆောင်ပြီး ဝင်တိုက်နေတာ။ လတ်တလော သိရသေလာက်က နေရာ ၂ ခုလောက်တော့ သိမ်းထားပြီးပြီး။ ခလရ ၇၃ ကိုတော့ တိုက်နေဆဲပါ။ ကျန်နေရာတွေလည်း တိုက်နေဆဲ" လို့ ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါတယ်။

ဇရပ်ကြီးရဲစခန်းနဲ့ မြို့ဆိုးတံတားစစ်ဆေးရေးဂိတ်ကိုတော့ KNLA ပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်ထားလိုက်နိုင်ပြီး ကျန်နေရာတွေမှာတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုအပြင် အနီးအနား တပ်ရင်းတွေကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် ဇရပ်ကြီး၊ မြိုဆိုးရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံအများစုပိတ်မိနေသလို ထွက်ပြေးလွတ်မြောက်​သူတွေလည်း ရှိနေပါတယ်။

တိုက်ပွဲအတွင်းမှာတော့ နှစ်ဖက်ထိခိုက်သေဆုံးတာတွေရှိနေပြီး သေဆုံးဒဏ်ရာရအခြေနေကိုတော့ အရေအတွက် အတိအကျ မရသေးပါဘူး။

ပုံစာ - KNU/KNLA တပ်မဟာ  ၂ တပ်ဖွဲ့ဝင်အချို့ စစ်ရေးလှုပ်ရှားနေစဉ်။ (ပုံဟောင်း)

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ထန်းတပင် #ဇရပ်ကြီး #KNLA #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10