ထန်းတပင်မြို့နယ်က ပြည်သူတွေ ဘယ်လို လွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမလဲ

ထန်းတပင်မြို့နယ်လေးဟာ တောင်ငူခရိုင်ထဲက မြို့နယ်လေးဖြစ်ပြီး စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတဲ့ မြို့လေးဖြစ်ပါတယ်။

ကရင်ပြည်နယ် သံတောင်မြို့နယ်နဲ့ ပဲခူးတိုင်းထဲက တောင်ငူ၊ အုတ်တွင်း၊ ဖြူးနဲ့ ကျောက်ကြီးမြို့နယ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြို့နယ်လေးဖြစ်ပါတယ်။

ထန်းတပင်မြို့နယ်အတွင်း ရပ်ကွက် ၆ ခုနဲ့ ကျေးရွာအုပ်စု ၂၉ စုရှိပြီး၊ လူဦးရေ ၁ သိန်း ၂ သောင်း ၃ ထောင်နီးပါး နေထိုင်ကြပါတယ်။

ထန်းတပင်မြို့နယ်လေးဟာ ကရင်ပြည်နယ်နဲ့ ထိစပ်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရှိတဲ့ ဒေသဖြစ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီကြီး ၇ ခုရှိပြီး၊ မဲပေးနိုင်သူ ဦးရေ ၇ သောင်း ၈ ထောင်ကျော်ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10