ထန်းတပင်မှာ တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးသေဆုံး

ထန်းတပင်မှာ တိုက်ပွဲဖြစ်၊ အရပ်သား ၂ ဦးသေဆုံး

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့ဆိုးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်မှုတွေအတွင်း အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဩဂုတ်လ ၃၁ ရက် ဒီမနက် ၄ နာရီလောက်ကစတင်ကာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တို့  တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ခိုက်နေချိန်အတွင်း အထက်ပါအရပ်သား ၂ ဦးဟာ လက်နက်ကျည်ထိမှန် သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"မနက်က အဲ့ဘက် (မြို့ဆိုးကျေးရွာအနီး) တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ လက်နက်ကြီးထိလို့ လင်မယား ၂ ယောက် သေတယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမယ့် ဘယ်ဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးမှန်လို့ သေဆုံးတယ်ဆိုတာတော့ မသိရသေးဘူး။"လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးထိမှန်လို့ မြို့ဆိုးကျေးရွာနေ အသက် ၃၀ ကျော်အရွယ် ကိုဝင်းအောင်နဲ့ မမီးမီးတို့ လင်မယား ၂ ဦး သေဆုံးခဲ့တာပါ။

တိုက်ပွဲအတွင်းစစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေရဲ့ နှစ်ဖက်ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘဲ ပစ်ခတ်မှုတွေကတော့ မနက် ၆ နာရီလောက်မှာ ငြိမ်သက်သွားပေမယ့် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာတဲ့အနေအထားရှိနေတယ်လို့ ဆိုပါတယ်။  

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်အထိ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်း အရပ်သား ၈ ထောင်ကျော် (၈၆၄၀) သေဆုံးခဲ့တယ်လို့လည်း သုသေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

 #မြေလတ်အသံ

#ပဲခူး #ထန်းတပင် #မြို့ဆိုး #စစ်ကောင်စီ #KNLAပူးပေါင်းတပ်ဖွဲ့ #သတင်း #အရပ်သားသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10