သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာ၂ ရွာကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၁၃ ရက်ည ၇ နာရီကျော်မှာ မီးရှို့ခဲ့တာကြောင့် လူနေ အိမ် ၂၃လုံး ပြာကျပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၂၀၀ ခန့်စီရှိကြတဲ့ ချိတ်သင်ရွာနဲ့ ရွာသစ်ကုန်းကျေးရွာတို့ကို အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီတပ်သားတွေက မီးရှို့ခဲ့တာကြောင့် ချိတ်သင်ရွာက နေအိမ် ၁၇ လုံးနဲ့ ရွာသစ်ကုန်းရွာက ၆ လုံးတို့ ပျက်စီးခဲ့တာဖြစ်ပါတယ်။
"ဒီရွာ၂ ရွာက ကပ်လျက်တည်ရှိတာ။ စကစတွေက အင်အားများတော့ တရွာတဖွဲ့စီ ခွဲနေတယ်။ အိမ်တွေကိုမီးရှို့ပြီး ညအိပ်သွားသေးတယ်။ မနက်(ဇူလိုင် ၁၄ ရက်)မှ ထွက်သွားတာ"လို့ ထီးချိုင့်ဒေသခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၁၃ ရက်နေ့လယ် ၃ နာရီကျော်လောက်က ချိတ်သင်ရွာအနီးအရောက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ မိုင်းခွဲတိုက်ခိုက်တာကို ခံခဲ့ရပေမယ့် ထိခိုက်သေဆုံးမှု ရှိ၊မရှိကိုတော့ မသိရဘူးလို့ အထက်ပါအမျိုးသားက ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ကသာမြို့နယ်ဘက်ကနေ ထီးချိုင့်မြို့နယ်ထဲကို ခြေလျင်ထွက်ခွာလာတာဖြစ်ပြီး ဇူလိုင် ၁၄ ရက်ဒီနေ့မှာတော့ ခနွဲအိုင်ကျေးရွာထဲ ဝင်ရောက်နေတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလအတွင်းမှာလည်းအင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်က မတ်လ ၃၁ ရက်မှာ ထီးချိုင့်နယ်ကညောင်ပင်သာကျေးရွာ၊ ဧပြီလ ၂ ရက်မှာ မယ်ဇလီရွာနဲ့ ရတနာအောင်ရွာတို့ကို မီးရှို့ခဲ့တာကြောင့် ညောင်ပင်သာရွာက လူနေအိမ် ၂၁၈ လုံး၊ မယ်ဇလီရွာက ၈၉ လုံး၊ ရတနာအောင်ရွာက ၅ လုံးတို့ ပြာကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ထီးချိုင့် #ချိတ်သင်ရွာ #ရွာသစ်ကုန်းရွာ #စစ်ကောင်စီ #မီးရှို့
Share Share Share