ထီးချိုင့်နယ်မှာ စစ်ကောင်စီစစ်ကြောင်းက သက်ကြီးရွယ်အိုအပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးထား

ထီးချိုင့်နယ်မှာ စစ်ကောင်စီစစ်ကြောင်းက သက်ကြီးရွယ်အိုအပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့စစ်ကြောင်းက လေပွေကျေးရွာက သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထားပြီး လေပွေကျေးရွာနောက်ဘက်က တောင်တန်းမှာ တပ်စွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။    

ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာဘက်ကနေလာတဲ့ အဲဒီ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက ဩဂုတ်လ ၁၄ ရက်မှာ စိမ့်ထွက်ကျေးရွာအနီး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့သလို ဩဂုတ် ၁၆ ရက်မှာလည် ဟင်္သာကျေးရွာအနီးမှာ လျော့တိုက်ဒုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ သြဂုတ်လ ၁၉ ရက်မှာ မဘိန်းမြို့နယ်၊ အင်ကြင်းပင်ကျေးရွာဘက်ကို ရောက်လာပြီး ဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးကာ သြဂုတ် ၂၁ ရက်မှာပဲ လေပွေကျေးရွာကို ရောက်လာကာ လယ်ကွင်းထဲမှာ နေထိုင်တဲ့မိသားစု ၃ စုကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

"မိသားစုတစုကို လူဦးရေ ၈ ယောက်လောက်ရှိတယ်။ အဲ့ဒီလူတွေကိုဖမ်းပြီး အသက်ကြီးရွယ်အို အဘွားတွေကို ထမင်းဟင်းတွေချက်ခိုင်းတယ်လို့သတင်းရတယ်" လို့ သူက ပြောပါတယ်။

စစ်တပ်က လေပွေရွာရဲ့အနောက်ဘက်က ကြာအင်းတောင်မှာ တပ်စွဲထားပြီး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရစဉ်က ဒဏ်ရာရခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ဆေးကုသမှုတွေပေးနေတယ်လို့ သိရပါတယ်။ 

ထီးချိုင့်မြို့နယ်မှာ သြဂုတ် ၂၀ ရက်ကလည်း ကွင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေယာဥ်နဲ့ ၄ ကြိမ်တိုင် ပစ်ကူတိုက်ခိုက်ခဲ့ ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့နယ် #လေပွေ #ဒေသခံ #ရှော့တိုက်ဒုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10