ထီးချိုင့်ဘက်မှာ စစ်တပ်က လေယာဥ်နဲ့ပစ်လို့ ပြည်သူ ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ

ထီးချိုင့်ဘက်မှာ စစ်တပ်က လေယာဥ်နဲ့ပစ်လို့ ပြည်သူ ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောမအုပ်စု၊ ဝဲကြီးကျေးရွာကို စစ်တပ်က လေယာဥ်နဲ့ပစ်လို့ ပြည်သူ ၃ ဦး​သေပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဇန်နဝါရီ ၃ရက် ဒီနေ့ မနက်၁၁နာရီလောက်မှာ တံတားဦးလေဆိပ်ကနေ တက်လာတဲ့ စစ်ကောင်စီလေယာဥ်တစီးက ဝဲကြီးကျေးရွာအလည်တည့်တည့်ကို ဗုံးကြဲချခဲ့လို့ နေအိမ် ၅လုံးပျက်စီးပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား၂ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ဘာစစ်ပွဲမှမရှိဘဲ ဘာမှလည်းမဖြစ်ဘဲနဲ့ အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာ ရွာလည်ခေါင်တည့်တည့်ကို ဗုံးချသွားတာပါ"လို့ ပအဖ တာဝန်ရှိသူက ပြောပါတယ်။

ဝဲကြီးကျေးရွာဟာ ထီးချိုင့်မြို့နဲ့ ၈မိုင်ကျော်ဝေးပြီး ထီးချိုင့်မြို့နယ်တဝိုက်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာ ၁၀ ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့သိမ်းတိုက်ပွဲ လုပ်ခဲ့ပေမယ့် မြို့ကိုမရရှိဘဲ တပ်တွေပြန်ဆုတ်ခွာထားတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ပွဲတွေရပ်ထားတာ တလကျော်ကြာမြင့်ပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်က နေ့စဥ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သလို စစ်အင်အားထပ်တိုးတာတွေလည်း ပြုလုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲစခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကစလို့ ဒီနေ့အထိ စစ်တပ်ရဲ့နေ့စဥ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ နီးပါး သေဆုံးထားပြီး ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စာတည်း - ဇို

#မြေလတ်အသံ

#ထီးချိုင့်သတင်း #လေကြောင်းတိုက်ခိုက်မှု #ပြည်သူ #သေဆုံး #ထီးချိုင့် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10