ထီးချိုင့်မြို့ကို စစ်တပ်က ဒရုန်းနဲ့ တရက်တည်း ဗုံး ၅၀ ကျော်ကြဲချ

ထီးချိုင့်မြို့ကို စစ်တပ်က ဒရုန်းနဲ့ တရက်တည်း ဗုံး ၅၀ ကျော်ကြဲချ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို ဒီဇင်ဘာ ၂၃ ရက်က ဒရုန်းနဲ့ တရက်တည်းမှာ ဗုံးအလုံးရေ ၅၀ ကျော်ကြဲချခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းကစတင်ပြီး ထီးချိုင့်မြို့နဲ့ကပ်လျက် ကြက်သွန်ခင်းကျေးရွာဘက်ကို ၄၀ မမ ဗုံးသီးတွေကြဲချခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

"ကင်းထောက်လေယာဥ်လောက်ရှိတယ်လို့ သိရတယ်။ ဗုံးက အကြီးကြီးတွေ မဟုတ်ဘူး။ ၄၀ မမလောက်တွေဆိုတော့ သိပ်မထိတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်ပျက်စီးမှုတွေရှိနိုင်ပေမယ့် ဒေသခံတွေ ရှောင်တိမ်းနေရဆဲမို့ အတိအကျတော့ မသိရသေးဘူးလို့ဆိုပါတယ်။

"ကလေးတွေကလည်း သေနတ်နဲ့လိုက်ပစ်တယ်။ မမှန်လိုက်ဘူး။ ၁၀လုံးတွဲ၊ ၆လုံးတွဲ၊ ၈လုံးတွဲ အဲ့လိုပစ်ချတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

မနေ့ကလည်း Mi-17လေယာဥ်တစီးနဲ့ မြတောင်ကျေးရွာဘက်ကို စစ်အင်အားနဲ့ ရိက္ခာတွေဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထီးချိုင့်မြို့တွင်းကဖက်တောင်၊ မြသိန်းတန်တောင်ပေါ်တို့မှာ စစ်ကောင်စီတပ်တွေနေရာယူထားသလို မြတောင်ကျေးရွာမှာလည်း မြတောင်ကတုပ်ကျင်း၊ မြတောင်လမ်းဆုံနဲ့ မြဘုရင်သကြားစက်ရုံတို့မှာ စစ်ကောင်စီတပ်တွေနေရာယူထားတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်ကစတင်ခဲ့ပြီး လက်ရှိအချိန်မှာ ကာကွယ်ရေးတပ်တွေဘက်က တိုက်ပွဲတွေယာယီရပ်နားထားတယ်လို့သိရပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ပြည်သူ ၁၂၀ ကျော်လည်းသေဆုံးခဲ့ပါတယ်။

ပုံစာ - စစ်ကောင်စီတပ်များ ထီးချိုင့်တွင် မီးရှို့ဖျက်ဆီးနေစဉ် (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #ဒရုန်း #ဗုံးကြဲ #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #၄၀မမ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10