သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့မှာ စပါးဝယ်ယူမယ့် ကုန်သည်တွေ နည်းပါးနေသလို ရောင်းချစရာနေရာလည်း မရှိတာကြောင့် စပါးစိုက်တောင်သူတွေ အခက်ခဲဖြစ်ကာ အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။
အောက်တိုဘာ တတိယပတ်ကစပြီး တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြောင့် စပါးကုန်သည် တွေအနေနဲ့ ရောင်းချဖို့ခက်ခဲနေပြီး တဖက်မှာလည်း တောင်သူတွေဆီက စပါးအဝယ်နည်းသွားကြတာဖြစ် တယ်လို့ ဆိုပါတယ်။
“ခါတိုင်းနှစ်တွေက တရုတ်ပြည်ကို ပို့ကြတယ်။ ဆန်တွေကြိတ်ပြီးတော့ ဆန်တွေနဲ့ သွားပြီးတော့ တရုတ်ပြည်ထဲ သွားရောင်းတယ်။ ခုကျတော့ တရုတ်ပြည်က ပိတ်ထားတဲ့လမ်းတွေဆိုတော့ ခုထီးချိုင့်မြို့နယ်ထဲက ဆန်စပါးက ဘယ်ကိုရောင်းလို့ ရောင်းရမှန်း မသိတော့ဘူး။ လောလောဆယ် ဝယ်တဲ့သူလည်း မရှိတော့ဘူး။” လို့ အသက် ၅၀ ကျော်အရွယ် ထီးချိုင့်ဒေသခံ တောင်သူတဦးက ပြောပါတယ်။
ထီးချိုင့်မြို့နယ်မှာ ဆင်းသုခ၊ ဆင်းသုံး၊ မနောသုခ၊ မှော်ဖီနဲ့ ဧရာပဒေသာ စတဲ့စပါးမျိုးတွေကို ဇွန်လလယ်မှ စတင်စိုက်ပျိုးပြီး အောက်တိုဘာမှာ ရိတ်သိမ်းကြပါတယ်။ နိုဝင်ဘာလမှာတော့ စပါးကုန်သည်တွေက ရွာထိ လာဝယ်ပြီး မန္တလေးကတဆင့် တရုတ်ပြည်ကို အဓိက တင်ပို့ရောင်းချကြတာလို့ ဆိုပါတယ်။
အရင်နှစ်က စပါး ၁ ဧကကို စိုက်ပျိုးစရိတ် ၁ သိန်းကျော်၊ ရိတ်သိမ်းစရိတ် ၁ သိန်းကျော် ကုန်ကျပြီး အခုနှစ် မှာတော့ စိုက်ပျိုးစရိတ် ၃ သိန်းကျော် ရိတ်သိမ်းစရိတ် ၂ သိန်းနီးပါး အကုန်ကျခံကာ စိုက်ပျိုးခဲ့ကြပေမယ့် စပါးရိတ်သိမ်း ရောင်းချချိန်မှာတော့ ဝယ်သူမရှိဖြစ်နေတယ်လို့ ဆိုပါတယ်။
တောင်သူတွေက စပါးရောင်းချလို့ရတဲ့ငွေနဲ့ မျိုးမြေပဲစေ့ဝယ်ယူကာ မြေပဲဆက်လက်စိုက်ပျိုးကြရတာဖြစ်ပြီး အခုလက်ရှိ တောင်သူအများစုက စပါးရောင်းမထွက်သေးတာကြောင့် နောက်တရာသီ သီးနှံစိုက်ဖို့ အရင်းနှီးမရှိ ဖြစ်နေကြတယ်လို့ သိရပါတယ်။
စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေပေမယ့် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်တွေမှာ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေက မကြာခဏပိတ်လေ့ရှိပြီး ကုန်ခြောက်ပစ္စည်း၊ လူသုံးကုန်၊ ဆေးဝါး၊ စက်သုံးဆီ စတာတွေကတော့ ဈေးကြီးနေတယ်လို့ သိရပါတယ်။
သတင်း - လေပြေသန့်၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ထီးချိုင့် #စပါး #တောင်သူ #တရုတ် #ကုန်သည်
Share Share Share