သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ထီးလင်းမြို့ပေါ်က ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ထီးလင်းမြို့နယ်အခြေစိုက် ဂန့်ဂေါခရိုင်တပ်ရင်း ၁၈ ဆီ မိသားစုလိုက် CDM ပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။
ထီးလင်းမြို့၊ မြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ချင်းတိုင်းရင်းသား ကိုထန်းဖေဟာ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဆီ ကြိုတင်ဆက်သွယ်ကာ G 3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၉၄ တောင့်နဲ့အတူ မိသားစုလိုက် အလင်းဝင်ခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၂ ရက် မနက်အစောပိုင်းအချိန်မှာ ထီးလင်းမြို့ကနေ မိသားစုလိုက်ထွက်ခွာခဲ့တာဖြစ်ပြီး မြို့ပေါ်ကျန်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေ အချင်းချင်းကြားမှာ မယုံကြည်မှုသံသယတွေတိုးပွားလာကြပြီး လက်နက်ကိုင်ဆောင်ခွင့်တွေ ပိုမိုတင်းကျပ်လာကြတယ်လို့ သိရပါတယ်။
"ကျနော်တို့စုံစမ်းတော့ ရဲတွေကို ကင်းစောင့်ချိန်ပဲ လက်နက်ပေးကိုင်တယ်။ မနက် ၇ နာရီနဲ့ည ၇ နာရီကြားမှာ ရဲအရာရှိတွေဆီ လက်နက်ပြန်အပ်ရပြီး လက်နက်ဂိုထောင်ထဲသိမ်းထားကြတယ်။" လို့ CDM ရဲတပ်သားကို သွားကြိုခဲ့တဲ့ တပ်ရင်းရဲဘော်တဦးက ပြောပါတယ်။
ထီးလင်းမြို့ရဲ့ရွှေထီးခန်းမမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် သုံးပွင့်ဗိုလ်ကြီးတွေက "CDM လုပ်ရင် သေနတ်ယူပြီး အသတ်ခံရမှာ၊ သူတို့ကြေညာတာတွေကိုမယုံနဲ့။" လို့ သူတို့လက်အောက်ခံ တပ်ဖွဲ့ဝင်၊ ရဲနဲ့ ပျူစောထီးတွေကို ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ဝါဒမှိုင်းမိနေတဲ့ တပ်ဖွဲ့ဝင်များ အမြန်ဆုံး CDM ပြုလုပ်စေလိုပြီး အခုအလင်းဝင်လာတဲ့ ရဲတပ်သားနဲ့ မိသားစုဝင်တွေကိုလည်း ဆုကြေးငွေသိန်း ၅၀ ပေးအပ်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
ရဲတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြားမှာ မယုံကြည်မှုနဲ့ အထင်သေးဆက်ဆံမှုတွေဟာ အာဏာသိမ်းပြီးကာလကတည်းက ရှိနေတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေက ထီးလင်းမြို့ကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာချိန်မှာ ပိုမိုဆိုးရွားလာတာဖြစ်တယ်လို့ သိရပါတယ်။
သတင်း - Razor ၊ တည်းဖြတ် - JCG
#မြေလတ်အသံ
#ထီးလင်း #မြို့မရဲစခန်း #ရဲတပ်သား #အလင်းဝင် #လက်နက်ခဲယမ်း
Share Share Share