ထီးလင်းနယ်ထဲမှာ အခွန်မဆောင်ဘဲ ရှားစေးတင်လာတဲ့ ၁၂ ဘီးကားကိုဖမ်းဆီး

ထီးလင်းနယ်ထဲမှာ အခွန်မဆောင်ဘဲ ရှားစေးတင်လာတဲ့ ၁၂ ဘီးကားကိုဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်လမ်းပိုင်းမှာ ရှားစေးတွေ တင်ဆောင်လာတဲ့ ၁၂ ဘီး ကုန်ကား ၁ စီးကို ဇန်နဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းအဖွဲ့ဆီက သိရပါတယ်။

ဂန့်ဂေါဘက်ကိုသွားမယ့် အဲဒီကားပေါ်မှာ ရှားစေး ပိဿာချိန် ၆ ထောင်ခန့်ကို တင်ဆောင်လာတာဖြစ်ပြီး ပြည်သူတဦးက သတင်းပေးပို့ချက်အရ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"ဇန်နဝါရီလ ၂၁ ရက်နေ့ နေ့လည်ပိုင်း ၁၂ နာရီခန့်လောက်မှာ ပြည်သူတဦးက သတင်းပေးပို့တယ်။ ရှားစေးတင်ဆောင်လာတဲ့ ကား ၁ စီး ဖြတ်သွားတယ်လို့။ သွားရောက်စစ်ဆေးတဲ့အခါမှာ ၁၂ ဘီးကားပေါ်မှာ ရှားဆေး ပိဿာချိန် ၆ ထောင်ခန့် သယ်ဆောင်လာတာ တွေ့တယ်။ အခွန်ဆောင်လား မဆောင်လား စစ်ဆေးပါတယ်။ လမ်းကဂိတ်တွေအဆင်ဆင့်ကိုဘယ်လို‌ပေးဆောင်ပြီး ဖြတ်သန်းလာခဲ့တယ်ဆိုတာ‌တော့ မသိရဘူးလို့" ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

ဖမ်းဆီးရာမှာ YRA တပ်ရင်း ၁၅ ၊ ၁၆ ၊ ၁၇ နဲ့ ကျောဘက်က တပ်ရင်း ၁၉ တို့ ဖမ်းဆီးစစ်ဆေးပြီး NUG အခွန်ဆောင်ထားခြင်းမရှိ ပအဖ ကိုလည်း အခွန်ဆောင်ထားတာမျိုးမရှိလို့ ဖမ်းဆီးပြီး မြို့နယ် ပအဖ အဖွဲ့ကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10