သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း ပခုက္ကူမြို့နယ်ကနေ ထီးလင်းမြို့နယ်ထဲ လက်နက်ခဲယမ်းတွေ တင်ဆောင်လာပြီး တပ်မ ၇၇ က စစ်သားတွေပါတဲ့ စစ်ယာဉ်တန်း ၃၂ စီးကို ထီးလင်းမြို့နယ်အတွင်းမှာ မတ်လ ၁၅ ရက် နဲ့ မတ်လ ၁၆ ရက်တို့မှာ မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ၅ ကြိမ် ဖြစ်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်း အဖွဲ့ဆီက သိရပါတယ်။
၂ ရက်တာအတွင်း မိုင်း ၃ ကြိမ်ဆွဲပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်သား ၄၀ ဦး သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ မိုင်းဆွဲခံရတဲ့ကားတွေက တပ်မ ၇၇ က စစ်သားတွေဖြစ်ပြီး ထီးလင်းမြို့နယ် ဆေးမင်းတောရွာထဲမှာ ရှိသေးတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်း ၊ ဂန့်ဂေါခရိုင်တပ်ရင်း(18)-YNRF ထီးလင်း ၊ ယောကာကွယ်ရေးတပ် - YDF တို့က တိုက်ခိုက်ခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA)မှ လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ