ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ ယာယီအုပ်ချုပ်ရေးမှူးလုပ်နေသူ ပစ်ခတ်ခံရပြီး သေဆုံး

ထွက်ပြေးသွားတဲ့ အုပ်ချုပ်ရေးမှူးနေရာမှာ ယာယီအုပ်ချုပ်ရေးမှူးလုပ်နေသူ ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း(အနောက်ခြမ်း)၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ ယာယီအုပ်ချုပ်ရေးမှူး ဩဂုတ်လ ၇ ရက် ညနေ ၄ နာရီအချိန်ခန့်က နေအိမ်မှာ ပစ််သတ်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ပစ်သတ်ခံရသူဟာ အုပ်ချုပ်ရေးမှူးဖြစ်သူ ထွက်ပြေးတိမ်းရှောင်နေလို့ ယာယီကျေးရွာအုပ်ချုပ်ရေးမှူးလုပ်နေသူ ဦးဂျော့ ၄၀ နှစ် ဖြစ်ပြီး နေအိမ်မှာရှိနေချိန်  သေနတ်သမားတွေက လာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

"ကျေးရွာအုပ်ကြီးက မျိုးဝင်း၊ သူက ရှောင်နေတာ။ ရွာမှာ မနေဘူး။ အဲ့တော့ သူက ယာယီအုပ်ချုပ်ရေးမှူးလုပ်နေတာ။ သူနေအိမ်ထဲမှာ ထိုင်နေချိန် ပစ်ခတ်ရှင်းလင်းခံရတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရှင်းလင်းခံရလို့ ဦးဂျော့ဆိုသူဟာ ရင်ဘတ်နဲ့ဦးခေါင်းမှာ ကျည်ထိဒဏ်ရာနဲ့နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ညနေ ၅ နာရီခန့်မှာ ယာယီအုပ်ချုပ်ရေးမှူး သေဆုံးတာကို စစ်ဆေးဖို့လာတဲ့ ရဲကားတစီးဟာ ကျေးရွာအဝင်လမ်းမှာ မိုင်းထပ်ဆွဲခံရလို့ ကားပျက်စီးသွားကာ ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိပေမယ့် အရေအတွက်မသိရသေးဘူးလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုကနေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင် ၆ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဝိုင်ံးကျေးရွာ၊ ရဲကင်ံးအနီး ဗျူဟာလမ်ံးဘေးနေ ရဲတပ်သား သန်းဌေးဦးရဲ့ ယေက္ခထီးဖြစ်သူ သတင်းပေး ဦံးစိုးမြင့် ဆိုသူဟာ နေအိမ်မှာ ပစ်သတ်ခံရလို့ သေဆုံးသွားပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10