"ဒကစရှိတဲ့ လောက်ကိုင်ကို သိမ်းနိုင်ရင် တိုင်းစစ်ဌာနချုပ်အထိသိမ်းနိုင်ဖို့ မျှော်လင့်လို့ရတယ်"

၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အခြေစိုက်တည်ရှိရာ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့ကို တိုက်ခိုက်မယ်လို့ ယခုရက်ပိုင်းအတွင်းမှာပဲ ထုတ်ပြန်ပြောဆိုလာပါတယ်။ 

အောက်တိုဘာ ၂၇ ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရက်ပေါင်း ၂၂ ရက်ကျော်လာချိန်မှာ ကိုးကန့်ဒေသနဲ့ လောက်ကိုင်မြို့အနီးတဝိုက်က မြို့တွေအပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့ ၉ မြို့ ထက်မနည်းနဲ့ စစ်စခန်းပေါင်းများစွာကို မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ လောက်ကိုင်မြို့တိုက်ခိုက်မယ်ဆိုတဲ့အခြေအနေနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ရင်ဆိုင်နေရတဲ့ စစ်ရေးအခြေ အနေတွေအပေါ်  မြန်မာစစ်တပ်မှာ ၁၅ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ထက်မြက်ရဲ့ သုံးသပ်ချက်တွေကို တင်ဆက်ပေးထားပါတယ်။

#မြေလတ်အသံ

#ကိုးကန့်ဒေသ #လောက်ကိုင် #ဒကစ #ညီနောင်မဟာမိတ် #မြို့သိမ်းတိုက်ပွဲ #၁၀၂၇စစ်ဆင်ရေး #အင်တာဗျူး #စစ်ရေးသုံးသပ်ချက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10