ဒဏ်ရာရစစ်သားတွေကိုသယ်လာတဲ့ စစ်အုပ်စုစက်လှေ ရေမြှုပ်မိုင်းဆွဲခံရ

ဒဏ်ရာရစစ်သားတွေကိုသယ်လာတဲ့ စစ်အုပ်စုစက်လှေ ရေမြှုပ်မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ လက်ပတောင်းရွာကို လက်နက်ခဲယမ်းတွေ ပို့ဆောင်ပြီး ဒဏ်ရာရစစ်သားတွေကိုသယ်လာတဲ့ စစ်ကောင်စီစက်လှေ ၂ စီးကို မတ်လ ၂၉ ရက်ညနေပိုင်းမှာ ရေမြှုပ်မိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစက်လှေတွေကို ညနေ ၄ နာရီလောက်က လက်ပတောင်းရွာအနီး ရေပိုင်နက်ထဲမှာ ရေမြှုပ်မိုင်း ၃ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ Fighter 9 Force Salingyi အဖွဲ့တာဝန်ခံက ပြောပါတယ်။


“မုံရွာကနေ ငွေ‌ဇင်ယော်စက်လှေ ၂ စီးကို ချောဆွဲပြီး ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းရွာကို လက်နက်ခဲယမ်း‌တွေပို့ပြီး ဒဏ်ရာရ စစ်သားတွေ ပြန်သယ်လာတာမှာ လျှပ်စစ်တာဝါတိုင်နဲ့ လက်ပတောင်းရွာအကြားမှာ ရေမြှုပ်မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်" လို့ ပြောပါတယ်။

အဲ့ဒီစစ်သားတွေဟာ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းကဖြစ်ပြီး၊ ရွာစဥ်လှည့် စစ်ကြောင်းထိုးတိုက်ခိုက်ရာမှာ ထိခိုက်စစ်သားတွေရှိခဲ့တာကြောင့် လက်ပတောင်းရွာမှာ ခေတ္တတပ်စွဲနေကာ အဲ့ဒီထဲက ဒဏ်ရာရစစ်သားတွေကို ဆေးကုသဖို့ ပြန်သယ်လာချိန်မှာ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါစက်လှေ ၂ စီးမှာ စစ်သားအင်အား ၂၀ ဝန်းကျင်လိုက်ပါလာပြီး တိုက်ခိုက်မှုကြောင့် စက်လှေ ၁ စီးကိုသာထိမှန်ခဲ့ကာ မောင်းသူနဲ့ စစ်သား ၆ ဦး ယမ်းစထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစက်လှေတွေဟာ ရေကြောင်းအတိုင်း မုံရွာမြို့ကို ဆက်မောင်းသွားပြီး ဒဏ်ရာရစစ်သားတွေကို ရာပြည့်မြို့လယ်ခန်းမမှာ ဆေးကုသမှုလုပ်နေတယ်လို့ သိရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁၅ ရက်ကလည်း ဆားလင်းကြီးမြို့‌ကထွက်လာတဲ့ ဘီလူးစစ်ကြောင်းက စစ်သားတွေကို ကိုင်းရွာမှာနားနေချိန် Fighter 9 Force Salingyi အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - စစ်ကောင်စီစက်လှေကို တိုက်ခိုက်ဖို့ပြင်ဆင်နေသည့် Fighter 9 Force Salingyi တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10