ဒတရ - ၆၀၃ က စစ်သားတဦးကို PDF က အရှင်ဖမ်းဆီး

ဒတရ - ၆၀၃ က စစ်သားတဦးကို PDF က အရှင်ဖမ်းဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သား ၁ ဦးကို မေလ ၁၁ ရက် ဒီနေ့လယ်ပိုင်းမှာ အရှင်ဖမ်းဆီးမိခဲ့တယ်လို့ နှလုံးလှလူမိုက်အဖွဲ့ဆီက သိရပါတယ်။

မိုးညှင်းအခြေစိုက် အမှတ် ၆၀၃ ဒုံးတပ်ရင်း - ဒတရ ၆၀၃ မှ တပ်သားကိုဇော်လင်း (ခ) ကိုရဲမင်းနိုင်ဖြစ်ပြီး မေလ ၁၁ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ ဖမ်းမိတာခဲ့တာလို့ ဆိုပါတယ်။


“သူက ကျနော်တို့ဂိတ်ရဲ့အရှေ့ဘက်ကို ကင်းပုန်းလာဝပ်တာ၊ မသင်္ကာလို့ သူ့ကိုဝိုင်းထားပြီး ဖမ်းလိုက်တာ၊ သူကလည်း စစ်*ဖြစ်ကြောင်း ဖော်ပါတယ်၊ သူက အရပ်သားပုံစံမျိုးနဲ့လာတာ၊ ကျနော်တို့က ဂန်းတွေနဲ့ချိန်တဲ့အခါမှာ သူကနေပြီးတော့ မင်းတို့ငါ့ကို ဘာကြောင့်ဖမ်းတာလည်း ပြောတယ်၊ ကျနော်တို့က စစ်*မှန်းလည်းမသိဘူး၊ ဖမ်းပြီး ကျနော်တို့စခန်းရောက်မှ စစ်ဆေးကြည့်မှ သူက စစ်*ဖြစ်မှန်းသိတာ” လို့ နှလုံးလှလူမိုက်အဖွဲ့မှ ဗိုလ်ဒဿက ပြောပါတယ်။

အဲ့ဒီတပ်သားကို အရပ်ဝတ်နဲ့ ဖမ်းမိခဲ့တာဖြစ်ပြီး၊ သူ့ကို စစ်ဆေးမေးမြန်းရာမှာလည်း သူဟာ စစ်တပ်ကနေ ထွက်ပြေးလာတာလို့ ပြောဆိုခဲ့တယ်လို့ ဗိုလ်ဒဿက ဆိုပါတယ်။

လက်ရှိမှာတော့ စခန်းအတွင်းမှာပဲ ထိပ်တုံးခတ်ကာ စစ်ဆေးမေးမြန်းမှုတွေလုပ်နေပြီး၊ ရိုက်နှက်နှိပ်စက်တာတွေ မလုပ်ဘဲ နောက်ထပ်အဖွဲ့အစည်းတခုဆီကို အပ်ဖို့စီစဥ်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10