"ဒရုန်းစတုဒိသာကျွေးတဲ့ လင်ပျောက်သင်္ကြန်" ( သရော်စာ)

"ဒရုန်းစတုဒိသာကျွေးတဲ့ လင်ပျောက်သင်္ကြန်" ( သရော်စာ)

တိုင်းသူပြည်သား လူအများတို့ရေ...

စစ်ရှုုံးတပ်ထဲမတော့ ကြောင်ပျောက်ပြီး မော်ကို မကြည့်ရဲဖြစ်နေကြသတဲ့ ။

ပျောက်ဆို ကတော်ဖြစ်မယ်ဆိုလို့ မရမက ဗိုလ်ရှာယူမိတာလေအေ့။ 

အိမ်ဦးခန်းမှာ ဒေါ်စိန်အေးကျောင်းဆင်းတုန်းက ပုံရော၊ အပွင့်လေး တပွင့်နှစ်ပွင့် ခေါစိန်တို့ မင်္ဂလာဦးကပုံရော ချိတ်ပြီး လာသမျှလူ မြင်တဲ့နေရာမှာထား မော့ မော့ ကြည့်ရင်း ဂုဏ်ယူခဲ့ရတာမျိုးကနေ ခုသင်္ကြန်လည်း ရောက်ရော

"မော့ကြည့်လိုက်တိုင်းလည်းမြင်နေတာ မိုးထက်မှာ ကျိန်စာတွေပါ" ဆိုသလို 

သင်္ကြန်သီချင်းတွေဖွင့်သံတွေကလည်း နေရာအနှံ့ ဘာတဲ့....

"သင်္ကြန်နွေဦး တူးပို့ တူးပို့ ဒရုန်းတို့မြူးသံသာ။

ညှင်းလေသွေးတိုင်း ဆော်ကာမြူးလာ ဒုံးတွေ မိုးပျံလာ။ 

၁၀၇ တွေ ကျွေးတာ ကျွေးတာ၊ ဒရုန်းတွေ လာကျွေးတာကျွေးတာ 

စစ်တပ်မြို့တောင် ပြေးပေါက်မရှိပါ ။ သင်္ကြန်တွင်းမှာ ဒုန်းတွေ စတုဒီသာ" တဲ့ 

ဟွန့် ဒါမျိုးတော့ မသာမလို့အခေါ်မခံ နိုင်ဘူးဆရာ့ အဲ့လေ ညိုမြတော့အခေါ်မခံနိုင်ဘူး ဆရာလေနော့ .. အခုက အကိုညိုစောတို့ပါ ထောင်ထဲ အရောက်အကုန် အပို့ခံထားရတဲ့အချိန်မျိုး

သင်္ကြန်တွင်း လင်က ပြန်မလာမဲ့ အတူတူ တပ်တွင်းတော့ ကြံဖန်ပြီး ယိမ်းကကြမယ်ဟေ့လည်းလုပ်ရော ....

"ကမယ်ဆို တီးပါမယ် ။ ထွက်တော့မလာနဲ့ကွယ် ။ 

ခေါင်မိုးပေါ်ကို အရောက်လာတယ် ဒုံးတို့ တကယ်မိုက်တယ်။

ညီညီညာညာ တွင်းထဲမယ် အစီရီဒဝမ်တာ တွေ့ရမယ်။ 

ဒီနှစ်သင်္ကြန်တွင်းမှာ အဘ‌တွေ တော်တော်ကြွတယ် " တဲ့ ...

ကြွတာလည်း မပြောနဲ့ ဦး  ကရင်ကို အသေထိုးမလို့ ဆိုပြီး ပေးလိုက်တဲ့ စစ်ကြောင်းနာမည်ကိုက "အောင်ဇေယျ" တဲ့လေ။ အေး ပြောရဦးမယ်...  အဲ့ဒီ ဦးအောင်ဇေယျဆိုတာ ယိုးဒယားကို စစ်ချီလာရင်းတစ်ချိန်မှာ 

ဘီးလင်းနားမှာ ကံတော်ကုန်ပြီး စစ်ကြောင်းကြီး လန်ခဲ့တာလေ....

ခုလည်း ဒီ ဒေါင် အတိတ်နိမိတ်ပဲ ဆောင်ခဲ့တာ ထင်ပါရဲ့။

အလောင်းမင်းတရား ဦအောင်ဇေယျကြီး "ကရင်" ခွင်ထဲ ကံတော်ကုန်သလိုပဲ ခုလည်း အောင်ဇေယျ စစ်ကြောင်းကြီးက  "ကရင်" ခွင်ထဲ အလောင်းတောင်ကောက်မရတာလည်း တွေ့ရမြင်ရ။

အေး ဒါတောင် ဒုချုပ်ကြီးကိုယ်တိုင်က စီမံ ခန့်ခွဲနေတာဆိုလား .. .

အစီမံအခန့်ခွဲကောင်းလွန်းလို့ ခေါင်းပေါ်တည့်တည့် ဒရုန်းလာချလို့ ပုဆိုးမနိုင်ပုဝါမနိုင် အီးတောင်မပေါက်နိုင်ဘဲ ထပြေးရတာလည်း ထည့်ပြောဦး။

ဟော ပြေးရင်း ပြေးရင်း

အေး အပြေးလွန်ပြီး ဟဲ့ သေသလား ရှင်သလား ဆိုပြန်တော့လည်း သေသလား ရှင်သလားတောင် ပြန်မပြောနိုင်အားဘဲ "ဘယ်ဆီကို မင်းရောက်နေလဲ" လုပ်နေရတာ။ 

ဟော သများတွေ မေးတော့လုံခြုံရေးအရ ပြောလို့မရဘူး ဘာညာတော့ ဖောရရွှေရတာပေါ့။ ဘယ်လိုပဲ ဖောဖော ဘယ်ပဲ လျှို့ဝှက် ဗျူဟာ ခင်းခင်း အပေါ်ကို မော့မော့ကြည့်ပြီး အသက်ကို ဖက်နဲ့ထုပ်နေရတဲ့ စစ်ဦးစီးတွေရဲ့ So Sad ဘဝလေ..အဖြစ်က ။

တသက်နဲ့တကိုယ် ဗိုလ်ချုပ်ကြီးဘဝ ဖြစ်လာတဲ့အထိ PVC ပိုက်ထဲယမ်းမှုန့်ထည့်သိပ်ထားတဲ့ အပေါ်ကကျလာမယ့် ဗုံးသီးကြောင့် စမုံတုံးရတယ်ဆိုတာ ကမ္ဘာ့စာမျက်နှာပေါ်က ပီဘီ မြန်မာ့စစ်ရှုံးတပ်မှုးရဲ့ ခွေးပုရပိုက်ပေါ်က ဒိုင်ယာရီ လေ ..

ချောင်ထဲ တွင်းတဲ ပုန်းနေပါတယ်ဆိုမှ ..

"ဟော ဟော။ဟောတော့ ဒဝုန်း ကနဲဆို လန့်လက်တာရှင့်။

အလုံး သုံးဆယ် ၊ အလုံးလေးဆယ်။

ဖေသဟာတွေ ရှောကုန်ပြီ။မေတစ်ရာတွေ လျှောကုန်ပြီ။ဗိုလ်မသာတွေ ဂန့်ကုန်သည်။

ဟောတော့၊ ပြေးလိုက်တာ တစ်ညတောင်မလွန်ဘူးရှင့်"

"မသာကားလေးတွေ အစီရီ ထွက်ကြရတာတဲ့။

ဟို တပ်ထဲက လူနာတင်ယာဉ်ပါ ထွက်ရတာတဲ့။

ဘဘ ဘေးတွဲ အကုန်ဒဝမ်တာပဲ

စမာကလာ မေမြို့ ကတဲ့ ပွဲ"  ဆိုတဲ့ 

မြန်မာ-သင်္ကြန်အကျ

မေမြို့- အဆံ အကျ

ယိုးဒယား -ဆုန်ခရမ်

မေမြို့မှာ အကုန် ဒဝမ်  ကုန်ကျပြန်တော့ 

ဒီသင်္ကြန်ပိတ်ရက်မှာ မောင်အပြန် အလာ နွဲလိုက်မယ် ဟဲ့လို့   အားခဲထားတဲ့ ခေါပဏီကတော်တစ်သိုက်ဟာ ခုတော့အိမ်ဦးခန်းမှာ မော့မော့ကြည့်ခဲ့ရတဲ့ ပုံထဲက ဗိုလ်လင်တော်မောင် ဟာ ခု ခဏတဖြုတ်အိမ်ခိုးပြန်လာတဲ့ 

ဒီလင်နဲ့ အတူတူမှ ဟုတ်ရဲ့လား ။

ဒရုန်းဗုံးသီးမှန် အစိမ်းသေပြီး ဖုတ်ဝင်ပြန်လာတဲ့ လင်ဗိုလ်လား။

ဟန်မပျက်အောင် ဘဘ တစ်သိုက်က အစားထိုးပေးလိုက်တဲ့ ကလုန်း လင်ဗိုလ်အတုလား ။

ဆိုတာကို အိမ်ဦးခန်းက ခေါစိန်တို့ ရဲ့ မင်ဂလာဦးဓါတ်ပုံကို မော့ကြည့်လိုက်။ ဖုန်းထဲက ဒုန်းစာမိထားတဲ့ လင်ဗိုလ်အလောင်းပုံကို ကြည့်လိုက်။ အိမ်ခေါင်မိုးပေါ် နောက်ထပ် ရောက်လာတော့မယ် ဒုံးအပြုံလိုက်ကို ရော်ရမ်းမှန်းဆလိုက်နဲ့ ...

ခေါပဏီ ကတော်တစ်သိုက်လည်း လင်မိုက်ယူမိလို့ ပိုက်ဘော ပိုက်ရင်း ကြောင်ပျောက်နေရပြီ တဲ့ မင်းကြီးများရေ ကျုပ်လည်းရယ်တော့ မရယ်ချင်ပါဘူး ငိငိငိငိငိငိ...

#မြေလတ်အသံ

#မြေလတ်အမတ်ကြီး #သရော်စာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10