ဒရုန်းနဲ့ဗုံးကြဲပြီး မိုင်းလည်းဆွဲခံရလို့ စစ်သား ၇ ဦးသေ ၂၀ ကျော်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲချပြီး မြိုင်စက်မှု ၂ ကထွက်လာတဲ့ စစ်သားတွေကို ဝက်ကျုံးရွာအနီး အနန္တမေတ္တာဆည်နားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ်ဆီက သိရပါတယ်။

ဧပြီ ၃ ရက်ကနေ ၆ ရက် ညနေ ၃ နာရီအထိ ဝက်ပုတ်ကျေးရွာကစစ်အုပ်စုကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၆၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး ဧပြီ ၇ ရက်မှာတော့ ဝက်ကျုံးရွာအနီးရှိ အနန္တမေတ္တာဆည်အနီးမှာ မိုင်းအကြီး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။  

၅ ရက်တာ တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က  ၇ ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရတယ်လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

"၃ ရက်ကနေ ၆ ရက်အထိ တိုက်ခိုက်မှုမှာတော့ တပ်ကြပ်ကြီး ၁ ကောင်သေတယ်။ ရဲ ၁ ကောင်နဲ့ ပျူစောထီး ၄ ကောင်ဒဏ်ရာအသီးသီးရကြတယ်။ အတွင်းကသတင်းပေးပို့ချက်အရ ပြန်ပြီးသိရတာ။ ဧပြီ ၇ ရက်နေ့ အနန္တမေတ္တာဆည်အနီးမှာ မိုင်းဆွဲတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ၄ ဦး နေရာမှာပွဲချင်းပြီး သေတယ်။ အခုထပ်သိရတာက ၆ ကောင်သေပြီး ၂၀ ကျော်ဒဏ်ရာရတယ်။ အဲဒါတွေကို ထမ်းစင်နဲ့ထမ်းပြီး မြိုင်မြို့ထဲကိုပြန်ဝင်တယ်။" လို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

ဧပြီ ၃ ရက်ကနေ ၆ ရက်အထိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧပြီ ၇ ရက် မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ၊ Ghost of Enemies၊ DMG (ဓါးမင်းကြီးတပ်ဖွဲ့)၊ မိုက်ခဲအဖွဲ့တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မြိုင် #စစ်အုပ်စု #၅ရက်တာတိုက်ခိုက်ခံရ #ဒရုန်း #ဗုံးကြဲခံရ  #မိုင်းဆွဲခံရ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10