ဒရုန်းမောင်းသင်ခဲ့ကြတဲ့ ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တနေရာမှာ ကြောင်ရိုင်း-ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒီပဲယင်းမြို့နယ်အဖွဲ့က Fixe Wing Drone မောင်းသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

မြေပြင်ကတိုက်ခိုက်တာထက် ဝေဟင်ကဒရုန်းနဲ့ ဗုံးကြဲတာက ပိုတိကျတာကြောင့် တပ်ဖွဲ့ရဲ့ ရဲဘော် ၇ ဦးကို ဒရုန်းမောင်းနှင်သင်ကြားစေခဲ့တာလို့ ကြောင်ရိုင်း - ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပေါက်စီက ပြောပါတယ်။

သင်ကြားမှုတွေမှာ Fixed Wing Drone တည်ဆောက်ပုံ ၃ ရက်အပါ အမောင်းသင်ကြားမှုမှာ ၁၀ ရက်ခန့်ကြာခဲ့ပြီး ၊နည်းပညာပိုင်းကိုလည်း ၂ ဦးသင်ယူလေ့လာနေတယ်လို့ သူကဆက်ပြောပါတယ်။ 

ကြောင်ရိုင်း - ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ပြီး ရွှေဘိုမြို့နယ်၊ တိုက်နယ် ၂ မှာ တော်လှန်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊တည်းဖြတ်-HP

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10