ဒလန်လို့သတင်းထွက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ဒလန်လို့သတင်းထွက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာက ဒလန်လို့သတင်းထွက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၃ ရက် မနေ့ မနက် ၇ နာရီလောက်မှာ ကြံ့ခိုင်ရေးပါတီဝင် ဦးနန်းအောင် ၄၇ နှစ်၊ ဦးနန်းတင် ၄၅ နှစ်၊ ဦးအောင်ဘိုတို့ကို လက်နက်ကိုင်အဖွဲ့တခုက ရွာထဲမှာတင် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  

"မနေ့က ဒလန်လို့ သတင်းထွက်နေတဲ့ ၃ ယောက် ရွာလယ်လမ်းမှာ ပစ်သတ်ခံရတာလို့တော့ သိရတယ်။ အိမ်တွေကနေ ဖမ်းဆီးပြီး ပစ်သတ်သွားတာ။ သူတို့က ကြံခိုင်ရေးပါတီဝင်တွေလည်း ဖြစ်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပစ်သတ်ခံရသူ ၃ ဦးစလုံးဟာ ဦးခေါင်း၊ လည်ပင်းတွေနဲ့ ကျောကုန်းတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ကာ ပစ်ခတ်ခံရပြီးနောက်မှာတော့ စစ်ကောင်စီအဖွဲ့တွေ ရောက်လာပြီး စစ်ဆေးမှုတွေလုပ်သွားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက ဘာကြောင့်လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။

ဇူလိုင် ၄ ရက်ညကလည်း နွားထိုးကြီးမြို့နယ်၊ အောင်သာယာကျေးရွာအနီးမှာ ဖလံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #နွားထိုးကြီး #ကြံ့ခိုင်ရေးပါတီဝင် #၃ဦး #သေဆုံး #ပစ်ခတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10