ဒိုက်ဦးထောင်က နိုင်ကျဉ်းတွေကို စစ်ကြောသတ်ဖြတ်နေတဲ့ ခလရ(၃၀)တပ်ရင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရလို့ ၃ ဦးထိခိုက်

ဒိုက်ဦးထောင်က နိုင်ကျဉ်းတွေကို စစ်ကြောသတ်ဖြတ်နေတဲ့ ခလရ(၃၀)တပ်ရင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရလို့ ၃ ဦးထိခိုက်

ပဲခူးတိုင်း​ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကွင်းကျေးရွာအုပ်စု၊ ပျဉ်ပုံကြီးရွာအနီးရှိ စစ်ကောင်စီ ခလရ(၃၀)တပ်ရင်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရလို့ ၃ ဦးထိခိုက်တယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်ည ၈ နာရီခန့်မှာ စစ်ကောင်စီ ခလရ ၃၀ တပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ နဲ့သွားရောက်ပစ်ခဲ့ရာ တလုံးဟာ တပ်ရင်းဂိတ်နဲ့ လူနေအဆောင်တွေကြားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"နှစ်လုံးသွားပစ်တာ တလုံးဘဲ ကျကွဲတယ်။ တလုံးက မကွဲဘူး။ အဲတပ်က ဒိုက်ဦးထောင်က နိုင်ငံရေးအကျဥ်းသားတွေကို စစ်ကြောရေးလုပ်၊ နှိပ်စက်တဲ့ တပ်ဘဲ။ အကျဥ်းသားတွေကို သတ်ပစ်တာလည်း သူတို့တပ်ကဘဲ"လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၃ ဦးထိခိုက်ခဲ့ပြီး အရာရှိတဦးရဲ့ ကလေးငယ် ၁ ဦးဟာ ရှော့တိုက်ဒုံးပေါက်ကွဲသံကြောင့် သွေးလန့်ပြီး ဆေးရုံပို့ထားရတယ်လို့ မြေပြင်သတင်းပေးတွေထံက ပြန်လည်ပေးပို့တဲ့ သတင်းအရ သိရတယ်လို့ ဆိုပါတယ်။

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီး ၁ နာရီလောက်ကြာမှ ခလရ ၃၀ ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ရွာတွေဘက်ကို ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ၅ နဲ့ Daik-U Defence Force (DDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်က ဒိုက်ဦးအခြေစိုက် ခမရ ၄၄၀ ဂိတ်နဲ့ ၇၂ မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ တိုက်ခိုက်ခံရပြီး ၂ ဦးသေ ၆ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ဒိုက်ဦး #ခလရ-၃၀ #နိုင်ကျဉ်း #အကျဉ်းထောင် #ရှော့တိုက်ဒုံး #ပစ်ခတ်တိုက်ခိုက်

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10