ဒိုက်ဦးနယ်ကို စစ်အုပ်စုကစစ်ကြောင်းထိုးကာ ဒေသခံ ၃ ဦးကိုဖမ်းဆီးထား

ဒိုက်ဦးနယ်ကို စစ်အုပ်စုကစစ်ကြောင်းထိုးကာ ဒေသခံ ၃ ဦးကိုဖမ်းဆီးထား

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဝါးဂါမဏိရွာနဲ့ ဆင်ဇလုပ်ကျေးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ဒေသခံ ၃ ဦးကိုဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၃ ရက် မနေ့ညနေ ၅ နာရီလောက်မှာ စစ်သားအင်အား ၅၀ လောက်က ဝါးဂါမဏိရွာကို အရင်ဝင်ရောက်ကာ ဒေသခံတွေကိုဖမ်းဆီးပြီးနောက် ရွာနဲ့တမိုင်ခန့်ဝေးတဲ့ ဆင်ဇလုပ်ရွာကို ဆက်သွားပြီး အဲ့ဒီရွာက ဒေသခံအချို့ကိုပါ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

"မနေ့ညနေက ရောက်လာပြီး မွှေတယ်။ ဒီမနက်ပိုင်းအထိလည်း နေအိမ်တွေရှာဖွေပြီး စစ်ဆေးနေတယ်။ ပြီးတော့ ရွာနားတွေမှာ ကင်းပုန်းဝပ်နေကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ဝါးဂါမဏိရွာက အသက် ၄၀ ကျော်အရွယ် မမြင့်ဦးနဲ့ မစန်းခိုင်၊ ဆင်းဇလုပ်ရွာက အသက် ၅၀ ကျော်အရွယ် ကိုဌေး၊ အသက် ၄၇ နှစ်အရွယ် ကိုအောင်မြင့်အပါအဝင် အမျိုးသား ၄ ဦးတို့ကိုဖမ်းဆီးခဲ့ပြီး သြဂုတ် ၁၄ ရက်ဒီနေ့လယ်ပိုင်းမှာ အဲ့ဒီထဲက အမျိုးသား ၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီစစ်ကြောင်းဟာ ဒိုက်ဦးမြို့ဘက်က ထွက်လာတာဖြစ်ပြီး ဘယ်တပ်ရင်းကလဲဆိုတာတော့ မသိရှိရဘဲ ဆင်ဇလုပ်ရွာကို စစ်ကြောင်းထိုးပြီးနောက် နေ့ချင်း ဝါးဂါမဏိရွာကို ပြန်ဝင်လာက လက်ရှိအချိန်ထိ ဝါးဂါမဏိကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်း ဝင်လာတာကြောင့် ဝါးဂါမဏိ၊ ဆင်ဇလုပ်၊ ဒိုးတန်းကျေးရွာအပါအဝင် ကျေးရွ  ၄ ရွာ ဒေသခံအမျိုးသားတွေလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #စစ်ကောင်စီ #ဒေသခံ #ဖမ်းဆီး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10