ဒိုက်ဦးမြို့နယ် အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

ဒိုက်ဦးမြို့နယ် အမြန်လမ်းပေါ်မှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၅ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၇၇/၅ မိုင်နဲ့ ၇၇/၆ မိုင်အကြားမှာ ခရီးသည်တင်ယာဥ် တိမ်းမှောက်လို့ ၁ ဦးသေ၊ ၁၅ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၁ ရက် ညနေ ၄ နာရီခန့်မှာ ရန်ကုန်ဘက်နေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ မိုးကောင်းကင်ခရီးသည်တင်ယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးမှောက်သွားတယ်လို့ ဆိုပါတယ်။

"ဖြစ်တဲ့အချိန်မှာ မိုးကလည်း ရွာနေ အရှိန်ကလည်းများဆိုတော့ စလစ်ဖြစ်ပြီး မှောက်သွားတာ။ ကားပေါ်မှာက ယာဥ်မောင်းအပါအဝင် ၁၆ ဦးပါတယ်။ သေဆုံးသူကော ဒဏ်ရာရသူတွေကောရှိတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိမ်းမှောက်တာကြောင့် ကားပေါ်ပါ အသက် ၃၀ နှစ်ခန့်အမျိုးသား ၁ ဦး သေဆုံးပြီး ယဥ်မောင်းအပါအဝင် ခရီးသည် ၁၅ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲကမှ ဒဏ်ရာပြင်းထန်တဲ့ ကျား ၅ ဦး၊ မ ၅ ဦးကို ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းဆေးရုံနဲ့ ပဲခူးဆေးရုံကို တင်ပို့ကုသထားရတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကလည်း အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီး ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၂၀/၇ နားမှာ ကားနောက်ဘီးပွင့်ပြီး ယာဥ်တိုက်မှုဖြစ်ပြီး သားအဖ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ဒိုက်ဦးမြို့နယ် #အမြန်လမ်း #ခရီးသယ်တင်ယာဉ် #ရန်ကုန် #မန္တလေး #ထိခိုက်ဒဏ်ရာရ #ယာဉ်တိမ်းမှောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10