ဒိုက်ဦးမှာ အမျိုးသား ၂ ဦး ​သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရ

ဒိုက်ဦးမှာ အမျိုးသား ၂ ဦး ​သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့အမှတ် (၁) ဈေးပိုင်းရပ်ကွက်၊ စည်ပင်သာယာဈေးခေါင်းရုံးရှေ့ လမ်းမပေါ်မှာ အမျိုးသား ၂ ဦး ​သေနတ်နဲ့ပစ်ခံရပြီး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် ညနေ ၅ နာရီခန့်မှာ ဦးအောင်စန်းဦး ၄၂ နှစ် ဝါဆိုရပ်ကွက်၊ ဒိုက်ဦးမြို့နေသူနဲ့ ခင်မောင်ထွေး ၃၇ နှစ် (၂) ရပ်ကွက်၊ ဒိုက်ဦးမြို့နေသူတို့ ၂ ဦးဟာ အဖော်တွေနဲ့ ဘောလုံးကန်နေချိန် ဆိုင်ကယ်နဲ့လာသူတွေက သေနတ်နဲ့ပစ်သွားတယ်လို့ ဆိုပါတယ်။

"တယောက်က စားသောက်ဆိုင်က အကြော်ဆရာ၊ နောက်တယောက်က ပန်းသီးရောင်းတဲ့အမျိုးသမီးရဲ့အမျိုးသား။ နှစ်ယောက်စလုံးက စျေးသည်ဆိုပါတော့။ ဘာကြောင့်ပစ်ခံရတယ်ဆိုတာတော့ မသိရဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ၂ ဦးစလုံးမှာ ဝမ်းဗိုက်၊ ခြေထောက်နဲ့လက်တွေမှာ ဒဏ်ရာရသွားလို့ ဒိုက်ဦးဆေးရုံကို တင်ပို့ထားရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်အပြီးမှာတော့ စစ်ကောင်စီတပ်သားတွေ လာရောက်စစ်ဆေးခဲ့ပြီး မြို့အဝင်အထွက်တွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ဒိုက်ဦး #ပစ်ခတ်မှု #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10