ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

ဒီပဲယင်းက စစ်ဘေးရှောင် ၂ သောင်းကျော် စားနပ်ရိက္ခာအရေးပေါ်လိုနေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင် ၂၀,၀၀၀ ကျော် စားနပ်ရိက္ခာအရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီပဲယင်းမြို့ပေါ်က ပြည်သူတွေအပါအဝင် ဒီပဲယင်း-ရေဦးကားလမ်းဘေးနဲ့ မြို့အနီးရှိ ရွာသစ်၊ မဲသည်၊ ယင်းတွေ၊ ဝပါ၊ မှန်သာ၊ လက်ယက်ကုန်း၊ မဲအိုး၊ အောင်ချမ်းသာ၊ ပျော်ဘွယ်၊ မစိုးရိမ်စတဲ့ ကျေးရွာ ၂၀ ခန့်က ဒေသခံပြည်သူတွေ ဖြစ်ကြပါတယ်။

"စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအဓိက လိုအပ်တယ်ခင်ဗျ။ ကျုပ်တို့အနေနဲ့လည်း စစ်ရှောင်တဌာနကို တနပ်စာ စသဖြင့် မျှကူနေရတယ်"လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှ တာဝန်ခံ ကိုကြီးဖြိုးက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမဖြစ်မီ သြဂုတ် ၁၆ ရက်ကနေ ဩဂုတ် ၁၉ ရက် ဒီနေ့အထိ တိမ်းရှောင်လာနေကြတဲ့ ပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။ 

မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာကျေးရွာတွေရဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံကြရပြီး သူတို့ကိုရွာခံတွေက ကျွေးမွေးချက်ပြုတ်နေကြရတယ်လို့ ဆိုပါတယ်။

တချို့စစ်ဘေးရှောင်တွေဆိုရင် လမ်းဘေးရှိ သစ်ပင်တွေအောက်တွေမှာ ယာယီတဲတွေထိုးပြီး ခိုလှုံနေကြသလို ဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရဲ့ နေအိမ်တွေမှာ ခိုကပ်ရသူတွေလည်းရှိတယ်လို့ ဆို ပါတယ်။

"သူတို့ကတော့ ပါလာတဲ့ဟာတွေနဲ့ သူတို့ဘာသာ ချက်ပြုတ်စားသောက်ကြရတယ်"လို့ ဒီပဲယင်းမြို့နယ်ညီနောင် များအဖွဲ့မှတာဝန်ခံ ကိုကြီးဖြိုးက ဆက်ပြောပါတယ်။

သြဂုတ် ၁၈ ရက်မှာ ဒီပဲယင်းမြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က နေ့ချင်းလေကြောင်းကနေ စစ်ကူ ၁၀၀ကျော်ချကာ မြို့ကိုပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #စစ်ဘေးရှောင် #စားနပ်ရိက္ခာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10