ဒီပဲယင်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့ပေါ်စခန်းကနေ တောင်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းဟာ ‌စက်တင်ဘာ ၃၀ ရက်ညနေပိုင်းမှာ ပျံကျကျေးရွာနဲ့ ဘုရားထွက်ကျေးရွာအကြားမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA ဆီက သိရပါတယ်။ 

ညနေ ၅ နာရီဝန်းကျင်ကနေ ၆ နာရီကျော်အထိ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၅ ဦးခန့် သေဆုံးသလို ၁၀ ဦးအထက် ဒဏ်ရာရခဲ့တယ်လို့ BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်က ပြောပါတယ်။

"တိုက်ပွဲချိန်က ၁ နာရီလောက် ကြာခဲ့တယ်။ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီးတော့ ၁၀ ဦးအထက်ဒဏ်ရာရရှိသူတွေ ရှိတယ်။ တိုက်ပွဲဖြစ်ချိန် ၅ နာရီ ၅၀ လောက်မှာ Mi 35 ၁ စီးနဲ့ ၁၀ မိနစ်လောက် လာပစ်တာမှာ ကျနော်တို့ဘက်က ပြန်ပစ်လို့ Mi 35 လှည့်ပြန်သွားတယ်။" လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို BNRA အမှတ်-၁ ရတနာသိင်္ဃစစ်ကြောင်းကနေဦးစီးပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA၊ ရွှေဘိုခရိုင်တပ်ရင်း ၁၂ နဲ့ ဒေသအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် -ငြိမ်းဇော်

#မြေလတ်အသံ

#ဒီပဲယင်း #စစ်ကောင်စီစစ်ကြောင်း #တိုက်ခိုက်ခံရ #ထိခိုက် #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10