သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂၁ ရက် ဒီနေ့မနက် ၁၁ နာရီကျော်မှာ စစ်ကြောင်းထိုးကာ ကျေးရွာ ၁ ရွာကို မီးရှို့တာကြောင့် နောက်ထပ်ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ထောင်ချီပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးရှို့ခံရတဲ့ရွာကတော့ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဝဘာကျေးရွာဖြစ်ပြီး ဒီပဲယင်းမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ ခမရ ၇၀၁ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁၀၀ ကျော်က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်မီးရှို့တာဖြစ်တယ်လို့ ဆိုပါတယ်။
"ရွာသားတွေကတော့ စစ်ကြောင်းမဝင်ခင်ကတည်းက သတင်းရလို့ ထွက်ပြေးသွားပြီ။ ရွာမှာ လူတယောက်မှမရှိချိန် မီးရှို့တာ။ အိမ်ဘယ်လောက်ပျက်စီးနေလဲ မသိရသေးဘူး" လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ခံကိုဖြိုးက ပြောပါတယ်။
ဒါအပြင် ဝဘာကျေးရွာဟာ ဒီနှစ်အစောပိုင်းတုန်းကလည်း စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့တာကို ခံခဲ့ရတာကြောင့် အိမ်ခြေ ၆၇ လုံး ပြာကျပျက်စီးခဲ့ပြီဖြစ်တယ်လို့ သူက ပြောပါတယ်။
အခုလို စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဝဘာရွာ၊ မှန်သာရွာ၊ သပြေသာရွာ၊ ယင်းဒွေးရွာ၊ လက်တီးရွာ အပါအဝင်ကျေးရွာ ၁၀ ရွာခန့်က ဒေသခံထောင်ချီ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ဝဘာကျေးရွာကို မီးရှို့ပြီးနောက် မှန်သာကျေးရွာထဲကို ဝင်ရောက်နေကြပြီး အဲ့ကနေ တဆင့်ဘယ်ကျေးရွာကို ဝင်ရောက်မလဲဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ကိုဖြိုးက ဆက်ပြောပါတယ်။
ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ ခမရ ၇၀၁ တပ်ရင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရေဦးမြို့ထဲကို စစ်ကြောင်းထိုးပြီးနောက် အောက်တိုဘာ ၂၀ရက်မှာ ဒီပဲယင်းမြို့ပေါ်ကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ - အောက်တိုဘာ ၂၁ ရက် ဒီမနက်မှာ စစ်ကောင်စီတပ်သားများ မီးရှို့ထားသည့် ဝဘာကျေးရွာ။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #စစ်ကောင်စီ #မီးရှို့ #ဝဘာရွာ #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေး #သတင်း #မြေလတ်သတင်း
Share Share Share