ဒီပဲယင်းမှာ ကျေးရွာပကဖ ၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်ဖြတ်၊ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွား

ဒီပဲယင်းမှာ ကျေးရွာပကဖ ၁ ဦးကို စစ်တပ်က အပိုင်းပိုင်းခုတ်ဖြတ်၊ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာပကဖ ၁ ဦးကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၃၀ ရက်မှာ အပိုင်းပိုင်း ခုတ်ဖြတ်သတ်ထားခဲ့ပြီး နောက်ထပ်အမျိုးသား ၂ ဦးလည်း ပျောက်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

အသတ်ခံရသူဟာ လက်တီးကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အသက် ၄၀ ကျော်အရွယ် ဦးနိုင်လင်းဖြစ်ပြီး သူ့ကိုစစ်ကောင်စီတပ်သားတွေက နေအိမ်အတွင်းမှာ သတ်ဖြတ်ထားခဲ့တာလို့ ဆိုပါတယ်။

"ကိုနိုင်လင်းကို ဦးခေါင်း၊ လက်တဖက်၊ ခြေနှစ်ဖက်ဖြတ်ထားခဲ့တာ။ ခန္ဓာကိုယ်ပဲကျန်တယ်။ လက်တဖက်ကို (အိမ်က ဝါး)ထရံမှာ ချိတ်ဆွဲထားခဲ့တယ်" လို့ ဒေသခံကာကွယ်ရေးအဖွဲ့တဖွဲ့မှ ရဲဘော်အမျိုးသားတဦးက ပြောပါတယ်။

ကာကွယ်ရေးအဖွဲ့တွေက ပေးပို့လာတဲ့ ဓာတ်ပုံမှာတော့ ဦးနိုင်လင်းဟာ ခေါင်းပြတ်နေပြီး လက်တဖက်ရဲ့ လက်မောင်းနားကလည်း ပြတ်နေပါတယ်။ ခြေထောက် ၂ ဖက်ဟာလည်း ဒူးအောက်နားကနေ ဓားနဲ့ခုတ်ဖြတ်ထားတဲ့ ပုံစံမျိုးတွေ့ရပါတယ်။ လက်ကောက်ဝတ်နားက ခုတ်ဖြတ်ထားတဲ့ လက်ဖဝါးတခုကိုတော့ အိမ်ရဲ့ ဝါးထရံအနားမှာ တင်ထားတာကို တွေ့ရပါတယ်။ 

စစ်ကောင်စီတပ်သားတွေက လက်တီးကျေးရွာက နောက်ထပ်အမျိုးသား ၂ ဦးဖြစ်တဲ့ ဦးငမြနဲ့ ကိုကျော်နိုင်တို့ကိုလည်း ဖမ်းဆီးသွားရာမှာ အောက်တိုဘာ ၂ ရက်ဒီကနေ့အချိန်ထိ သတင်းအစအနမရကြဘူးလို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့မှတာဝန်ခံ ကိုဖြိုးက ပြောပါတယ်။

ကျေးရွာပကဖ ဦးနိုင်လင်းကိုသတ်ပြီး ရွာခံအမျိုးသား ၂ ဦးကို ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေဦးမြို့ကနေ ဒီပဲယင်းမြို့ပေါ်ကိုရောက်ရှိနေတဲ့ ခမရ ၇၁ တပ်ရင်းမှဖြစ်ပြီး စက်တင်ဘာ ၃၀ ရက် မနက် ၇ နာရီမှာစလို့ ကျေးရွာတွေကို တရွာဝင်တရွာထွက် စစ်ကြောင်းထိုးနေတာလို့ ကိုဖြိုးကပြောပါတယ်။

အဆိုပါ စစ်ကြောင်းမှာ အင်အား ၁၀၀ ကျော်ပါပြီး အောက်တိုဘာ ၁ ရက်မှာတော့ အေးသာယာ(ပျံကျ) ကျေးရွာထဲ ညအိပ်ကာ ဒီနေ့ မနက်မှာ ပုဂံကျေးရွာကို ဝင်ရောက်မီးရှို့နေတယ်လို့ သူက ဆက်ပြောပါတယ်။

အခုလိုစစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ယင်းတွေရွာ၊ ပျံကျ၊ နဘဲလှ၊ ပုဂံရွာ၊ လက်တီးရွာ၊ ခွန်းတောင်းရွာ၊ ကံပြားရွာ၊ အောင်ချမ်းသာရွာ၊ ဝပါရွာ၊ သပြေသာရွာ၊ မှန်သာရွာ၊ ငြိမ်းချမ်းရွာသစ်ရွာ၊ အင်းတန်းရွာ၊ တောကျောင်းရွာ၊ မဲသည်ရွာ၊ သတဲ့ရွာစတဲ့ကျေးရွာတွေက ဒေသခံ ၁ သောင်း ကျော်ထွက် ပြေးနေကြရတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #ပကဖ #စစ်ကောင်စီ #ဖမ်းဆီး #လက်တီးရွာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10