ဒီပဲယင်း ဝဘာရွာကို စစ်တပ်မီးရှို့၊ အနီးနားက ရွာခံ ထောင်ချီ ထွက်ပြေးနေရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂၁ ရက် မနေ့ မနက် ၁၁ နာရီကျော်မှာ စစ်ကြောင်းထိုးကာ ကျေးရွာ ၁ ရွာကို မီးရှို့တာကြောင့် နောက်ထပ်ကျေးရွာ ၁၀ ရွာခန့်က ဒေသခံထောင်ချီပြီး ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ရွာကတော့ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ဝဘာကျေးရွာဖြစ်ပြီး ဒီပဲယင်းမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ ခမရ ၇၀၁ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၁၀၀ ကျော်က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်မီးရှို့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဝဘာရွာ၊ မှန်သာရွာ၊ သပြေသာရွာ၊ ယင်းဒွေးရွာ၊ လက်တီးရွာ အပါအဝင်ကျေးရွာ ၁၀ ရွာခန့်က ဒေသခံထောင်ချီ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေဟာ ဝဘာကျေးရွာကို မီးရှို့ပြီးနောက် မှန်သာကျေးရွာထဲကို ဝင်ရောက်နေကြပြီး အဲ့ကနေ တဆင့် အောက်တိုဘာ ၂၂ ရက်မှာတော့ ကြည်ရွာကို ဝင်နေလို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ ခမရ ၇၀၁ တပ်ရင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်က ရေဦးမြို့ထဲကို စစ်ကြောင်းထိုးပြီးနောက် အောက်တိုဘာ ၂၀ရက်မှာ ဒီပဲယင်းမြို့ပေါ်ကို ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #စစ်ကောင်စီ #မီးရှို့ #ဝဘာရွာ #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10