ဒုချုပ်စိုးဝင်းနဲ့ ကစထမှူးညွှန့်ဝင်းဆွေ စစ်ဆေးရုံလူနာကြည့်ရင်း လူမြင်ကွင်းပြန်ထွက်လာ

ဒုချုပ်စိုးဝင်းနဲ့ ကစထမှူးညွှန့်ဝင်းဆွေ စစ်ဆေးရုံလူနာကြည့်ရင်း လူမြင်ကွင်းပြန်ထွက်လာ

တလနီးပါး လူမြင်ကွင်းက ပျောက်ဆုံးနေတဲ့ ဒု-စစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နဲ့ ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး ညွှန့်ဝင်းဆွေတို့  လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာပါတယ်။

ဒုချုပ် စိုးဝင်း၊ ကစထမှူး ညွှန့်ဝင်းဆွေနဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်လင်းမောင် တို့ဟာ မော်လမြိုင်မြို့ ကုတင် ၃၀၀ စစ်ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ ဧပြီလ ၂၉ ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီမီဒီယာက သတင်းထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အဲ့ဒီအပြင် ဒုချုပ်စိုးဝင်းနဲ့ စစ်ဗိုလ်ချုပ်တွေဟာ ကရင်နဲ့မွန်ပြည်နယ်အတွင်းက ဌာနဆိုင်ရာဝန်ထမ်းအသီးသီးကို ဒီကနေ့မှာပဲ သွားရောက် တွေ့ဆုံခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဧပြီလ ပထမပတ်အတွင်းမှာ  ဒုချုပ် စိုးဝင်းနဲ့ မွန်၊ကရင်၊တနင်္သာရီဒေသ စစ်ဆင်ရေးတွေကို တာဝန်ယူရတဲ့ ကစထ-၄ ကစထမှူး ညွှန့်ဝင်းဆွေတို့ဟာ မွန်နဲ့ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေကို မော်လမြိုင် ရတခ ကနေ အနီးကပ် လာရောက်ကွပ်ကဲခဲ့တာပါ။

အဲ့ဒီလိုကွပ်ကဲနေစဉ် တော်လှန်ရေးအင်အားစုတွေက မော်လမြိုင် ရတခကို ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း အချိန် ၁ လနီးပါးအကြာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေပြီး စစ်ကောင်စီ အစည်းအဝေးတွေမှာလည်း တက်ရောက်နိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီ #ဒုချုပ်စိုးဝင်း #ကစထမှူးညွှန့်ဝင်းဆွေ #စိုးဝင်းသတင်း #သတင်း #ဒုချုပ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10