ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)တဦးကို လေးလကျော်ကြာအချိန်ယူပြင်ဆင်ပြီး ပစ်ခတ်ရှင်းလင်း

ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)တဦးကို လေးလကျော်ကြာအချိန်ယူပြင်ဆင်ပြီး ပစ်ခတ်ရှင်းလင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းတလင်းဘုန်းကြီးကျောင်းမှာရောက်နေတဲ့ G1 (ဒုတိယဗိုလ်မှူးကြီး) အဆင့်ရှိအငြိမ်းစားတဦးကို တော်လှန်ရေးအဖွဲ့တခုက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ စစ်ဆင်ရေးအတွက် ၄ လကျော်အချိန်ယူပြင်ဆင်ခဲ့ရပြီး ဖေဖော်ဝါရီလ ၁၀ ရက် မနေ့က ညနေ ၆နာရီမှာ 9mm နဲ့ ၆ ချက်ပစ်နိုင်ခဲ့တယ်လို့ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ဆိုပါတယ်။
 
“သူက ဦးဆောင်ပြီးမွှေနေတာ၊ လက်ရှိရွာစဥ်ပတ်မီးရှို့နေတာလည်းပါတယ်၊ သူသွားတဲ့နေရာတိုင်းလည်း အရပ်၀တ်နဲ့ ကားနှစ်စီးအမြဲပါပါတယ်၊ လက်ယာဖက်ခြမ်းကို ၆ ချက်လုံးပစ်ခဲ့တာ၊ ဟ-- လို့ပဲ အော်သွားနိုင်တယ်" လို့ ပြောပါတယ်။
 
ပစ်ခတ်ခံရလို့ G1 အငြိမ်းစားဗိုလ်ဖြစ်တဲ့ ဦးကိုကိုကြီး အသက် ၆၀ ကျော်ဟာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ သူဟာဆန္ဒပြကလေးတွေကို ဖမ်းဆီးတာတွေနဲ့ ရွာမီးရှို့တာတွေမှာလည်း ဦးဆောင်ပါဝင်နေသူတဦး ဖြစ်တယ်လို့ သိရပါတယ်။
 
သွားရောက်ပစ်ခတ်စဉ် အဆိုပါကျောင်းထဲမှာ ဘုန်းကြီးဝတ်လဲထားတဲ့ အသွင်ယူစစ်သားတွေရှိနေလို့ အမြန်ဆုတ်ခွာခဲ့ရပြီး၊ ပစ်ခတ်ခံရပြီးချိန်ကစလို့ ရွှေဘိုမြို့ထဲမှာစစ်ကောင်စီတပ်ဖွဲ့တွေ ခြေရှုပ်နေပြီး အစစ်ဆေးတင်းကြပ်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
 
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10