သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း ပြည်မြို့မှာ ဒုရဲအုပ်တဦး KTV သွားရင်း ပစ္စတိုတလက်နဲ့ ကျည်၆တောင့်အပြင် ဖုန်းနဲ့ ပိုက်ဆံတွေပါ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
ပြည်မြို့ အမှတ် ၂ရဲစခန်းက ဒုရဲအုပ်အောင်မွန်ဟိန်း နဲ့ အတူအပေါင်းအသင်းတချို့ မေလ ၁၅ရက်ညမှာ ပြည်မြို့ရှောင်လမ်းက Spider KTV ကို သွားခဲ့ပြီး ၁၆ရက် မနက်ပိုင်းအထိနေခဲ့ကျတယ်လို့ သိရပါတယ်။
" ၁၆ရက် မနက် ၅နာရီလောက်မှာ ပစ္စည်းတွေပါသွားတာ၊ Confirm ဖြစ်တယ်၊ အခု KTV က ဂျာကြီးနဲ့ ဝန်ထမ်းတွေကို ခေါ်စစ်နေတယ်လို့ သိရတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဒုရဲအုပ်နဲ့ အတူသွားသူတွေက ရဲတွေလည်းပါသလို အပြင်လူတွေလည်း ပါနိုင်ပြီး ဒုရဲအုပ် အိပ်ပျော်နေစဥ်မှာ ပျောက်သွားလို့လည်း သိရပါတယ်။ ပြည်မြို့မှာ သေနတ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး မြို့ဝင်မြိုထွက်တွေမှာ ပိတ်ဆို့ရှာဖွေတာတွေကိုလည်း လုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံစာ - ပြည်မြို့က ရဲတပ်ဖွဲ့ဝင်များ ( ပုံဟောင်း)
မြေလတ်အသံ
Share Share Share