ဒေသခံနေအိမ်ကို သိမ်းပြီး တပ်စွဲနေတဲ့စစ်အုပ်စု ဗုံးချတိုက်ခိုက်ခံရ

ဒေသခံနေအိမ်ကို သိမ်းပြီး တပ်စွဲနေတဲ့စစ်အုပ်စု ဗုံးချတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာက ဒေသခံတဦးရဲ့နေအိမ်ကို သိမ်းပြီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၁၉ ရက်မနက် ၈ နာရီလောက်မှာ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Army-4 Natogyi PDF အဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီနေရာမှာ တပ်မ ၉၉ လက်အောက်ခံ မြင်းခြံအခြေစိုက် ခမရ ၁၅ က စစ်သားအင်အား ၁၅ ဦးလောက် တပ်စွဲနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေက ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

“ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာ၊ အတွင်းသတင်းပေးချက်အရ ၄ ကောင်သေတယ် သိရတယ်” လို့ Myingyan District Army-4 Natogyi PDF တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်သားတွေဟာ လက်ဝဲကျေးရွာမှာ တပ်စွဲနေထိုင်နေတာ ၂ နှစ်နီးပါးရှိပြီလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို Myingyan District Army-4 Natogyi PDF နဲ့ နွားထိုးကြီးမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်မှာလည်း နွားထိုးကြီးမြို့နယ်၊ ဖောင်ချဥ်းကျေးရွာအနီးမှာ ခမရ ၁၅ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ၂ ရက်တာ တိုက်ပွဲဖြစ်ပြိး နှစ်ဖက်ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ 

အင်အား ၁၈၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ဒေသခံမဟာမိတ်တပ်တို့ ဇန်နဝါရီ ၁၆ ရက် မနက် ၉ နာရီလောက်မှာ ဖောင်ချဥ်းကျေးရွာအနီး တကြိမ်၊ ဇန်နဝါရီ ၁၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဖောင်ချဥ်းကျေးရွာမြောက်ဘက် ဘုရာကြီးအနီးမှာတကြိမ် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။ 

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးကာ အသက် ၂၆ နှစ်အရွယ် ရဲဘော်အောင်မင်း လည်း သေဆုံးခဲ့တယ်လို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ Myingyan District Army - 4 Natogyi PDF အဖွဲ့မှ တပ်ရေးဗိုလ်ကြီးက မြေလတ်အသံကို ဖြေဆိုထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #နွားထိုးကြီး #စစ်ကောင်စီ #တိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10