ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်နေပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု    ■နာရေးကို စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထား

ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်နေပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု ■နာရေးကို စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထား

 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နာရေးကို မြို့ခံတွေ အများအပြားလိုက်ပါ ပို့ဆောင်နေသလို နာရေးယာဉ်တန်းထွက်ခွာရာ လမ်းတလျှောက်မှာလည်း  အလေးထွက်ပြုနေတဲ့ ပြည်သူအများအပြားရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

အောက်တိုဘာ ၈ ရက် ဒီကနေ့မနက် ၁၀ နာရီမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို ဖခင်ဖြစ်သူရဲ့ ကျွဲဆည်ကန်နေအိမ်ကနေ တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင်နေတာဖြစ်ပြီး နာရေးယာဉ်တန်းမှာ စစ်တပ်ကရှေ့ပြေးကား၊ တိုင်းရဲရုံးပွိုင့်ကားတွေနဲ့ လုံခြုံရေးယူထားကာ နာရေးပို့ဆောင်နေတဲ့ ဆိုင်ကယ်အစီးရေ ၂၀၀၀ ကျော်၊ ကားအစီးရေထောင်ချီနဲ့ ပြည်သူသောင်းချီရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးနေအိမ်အနီးမှာ မနေ့ကညပိုင်းကတည်းက အရပ်ဝတ်၊ ယူနီဖောင်းဝတ်လုံခြုံရေးတွေချထားသလို ဒီနေ့မှာလည်း လမ်းတပြ(တမှတ်တိုင်)ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနှုန်းနဲ့လုံခြုံရေးချထားပြီး နာရေးအိမ်မှာလည်း စစ်အင်အားအများအပြားရှိနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

" ဒါကပြည်သူ့အင်အားဆိုတာကို ပြလိုက်တာပဲ။လိုက်ပို့တဲ့ပြည်သူတွေများလွန်းလို့ တမြို့လုံးက လုံခြုံရေးအင်အား နာရေးကိုပို့ထားရတယ်။ အခုတာဝန်ထမ်းဆောင်နေတဲ့ ဘယ်ဝန်ကြီးလမ်းကြောင်းက ဒီလောက်လုံခြုံရေးလိုမလဲ။ လမ်းတလျှောက်လုံးထွက်အလေးပြုတဲ့ ပြည်သူတွေလည်းအပြည့်ပဲ "လို့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့နာရေးကို  တမြို့လုံးကလူမှုကူညီရေးအသင်းကားတွေ၊ ဆိုင်ကယ်သမား၊ အိမ်စီးကားတွေနဲ့ ပြည်သူအများအပြားလိုက်ပါပို့ဆောင်နေပြီး ကျွဲဆည်ကန်အနီးမှာ လမ်းပိတ်တဲ့အထိဖြစ်နေတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့  ဒုဥက္ကဌဖြစ်သလို မန္တလေးတိုင်းဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါနဲ့ မန္တလေးအထူးကုဆေးရုံကြီးမှာ ကုသနေစဥ် အောက်တိုဘာ ၇ ရက် မနေ့ကမနက် ၃ နာရီမှာ ဆုံးပါးသွားတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

#ဒေါက်တာဇော်မြင့်မောင် #နာရေး #မန္တလေး #ဝန်ကြီးချုပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10