ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို အမျိုးသမီးရဲဘော်လေးက အကနဲ့ဂုဏ်ပြု( ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်အခြေစိုက်အဖွဲ့တခုဖြစ်တဲ့ ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ - ၆ ဗိုလ်ကြက်သွန်တပ်ဖွဲ့မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အနုပညာကျောင်းဆင်း PDF ရဲမေလေးတဦးက ကပြဂုဏ်ပြုခဲ့ပါတယ်။

ဇွန်လ ၁၉ ရက် ဒီကနေ့မှာကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အတွက်ရည်ရွယ်ကာ PDF ရဲမေလေး ပန်ဒါက “ဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့ သီချင်းနဲ့ ကပြဂုဏ်ပြုခဲ့တာဖြစ်တယ်လို့ ၃၅၀၁ တပ်ရင်း၊ တပ်ခွဲ - ၆ ခေါင်းဆောင်က ပြောပါတယ်။

“အမေစုရဲ့ မွေးနေ့လေးကို တမူထူးခြားစေချင်တာရယ်၊ အပြင်က တော်လှန်ရေးရဲဘော်တွေက အမေ့အတွက်အမြဲရှိနေပြီး အကျဉ်းကျနေတာကနေ အမြန်ဆုံးလွတ်စေချင်တယ်ပေါ့" လို့ ဗိုလ်ကြက်သွန်က ပြောပါတယ်။

ဇွန်လ ၁၉ ရက်ဒီကနေ့မှာ တနိုင်ငံလုံးအတိုင်းတာနဲ့ လူထု ပန်းသပိတ်တွေဖော်ဆောင်ကာ အနုပညာရှင်တချိူ့ကလည်း နိုင်ငံရေးသီချင်းတွေသီဆိုကာ လူထုသပိတ်မှာ ပါဝင်နေကြတာလည်း ဖြစ်ပါတယ်။

 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #ဗိုလ်ကြက်သွန်တပ်ဖွဲ့ #PDF ရဲမေ #ကပြဂုဏ်ပြု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10