ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင် မန္တလေးမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင် မန္တလေးမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်

မန္တလေးမြို့က အစိုးရဌာနရုံးတွေကို မန္တလေး PDF (MDY-PDF)နဲ့ TNLAတပ်တွေ ဝင်စီးမယ်ဆိုတဲ့သတင်းရထားလို့ဆိုပြီး ဇွန်လ ၁၅ ရက်ကနေ ၂၀ ရက်အထိ ဌာနဆိုင်ရာဝန်ထမ်းတွေကို ခရီးသွားလာခွင့်နဲ့ အပြင်ထွက်ခွင့်ပိတ်ပင်ထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက နေသိရပါတယ်။

"တပ်တွေအဆင်သင့်ပြင်ခိုင်းထားတယ်။ လုံခြုံရေးကင်းအသင့်လုပ်ထားရတယ်။ ဝန်ထမ်းတွေကို တော့အရမ်းတင်းကျပ်ထားတာမျိုး မဟုတ်ဘူး။ ရုံးကိစ္စကလွဲလို့တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ သတိတော့ပေးထားတယ်"လို့ ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောပါတယ်။

စစ်တပ်ဘက်ကရထားတဲ့ သတင်းအရ ဇွန်လ ၁၁ ရက်နဲ့ ၁၄ ရက်အတွင်းမှာ TNLA တပ်ဖွဲ့တွေ မန္တလေးမြို့တွင်းကို ခရီးသည်အယောင်ဆောင်ကာ အင်အား ၅၀ ထပ်မနည်းရောက်လာတယ်လို့ သတင်းရထားပြီး တည်းခိုခန်းအပါအဝင် ရပ်ကွက်တွေကို စစ်ဆေးဖို့ အမိန့်ကျထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဖောက်ခွဲမှုတွေပြုလုပ်မှာကို စိုးရိမ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး နေရာစုံကို ကင်းပုံးတွေလည်းချထားသလို မန္တလေးမြို့ပေါ်က နေရာတွေကို စစ်တပ်က တင်းကျပ်စွာပိတ်ဆို့ စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေသခံတဦးရဲ့ပြောကြားချက်အရ မန္တလေးမြို့တွင်းမှာ နေ့စဥ်စစ်တပ်က နေရာပေါင်း ၃၀ လောက်ကို ပူးပေါင်း စစ်ဆေးနေတာလို့ပြောပါတယ်။

ပုံစာ-မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးရေးများပြုလုပ်နေစဉ် (ပုံဟောင်း)

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #အစိုးရဌာနရုံး #PDF #MDY #PDF #TNLA

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10