ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ DK PDF-MMU က လက်ကမ်းစာစောင်ဖြန့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ ဈေးအနီးတဝိုက်မှာ DK PDF - MMU ရဲဘော်တွေက ဇွန်လ ၁၉ ရက်ဒီကနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့် မွေးနေ့အမှတ်တရအနေနဲ့ “အမေစု သက်တော်ရာကျော်ရှည်ပါစေ” စာသားပါ လက်ကမ်းစာစောင်တွေကို ဒီမနက်ပိုင်းမှာ ဖြန့်ကြဲခဲ့တယ်လို့ DK PDF-MMU အဖွဲ့ဆီက သိရပါတယ်။

"ကျနော်တို့ ၇ နာရီ ၅၁ မိနစ်မှာ ဖြန့်ကြဲနိုင်ခဲ့ပါတယ်။ ဈေးအရှေ့ဘက်ကနေ ကြဲရင်းနဲ့ အမေစု သက်တော်ရာကျော်ရှည်ပါစေ အော်ပြီး တောက်လျှောက်ထွက်လမ်းအထိ ကြဲခဲ့တာပါ၊ လက်ကမ်းစာစောင်မှာ အမေစုပုံနဲ့ ကဗျာပါတယ်၊ အကြမ်းဖက်စစ်ကောင်စီနဲ့တော့ မတိုးပါဘူး၊ ဈေးဘက်ကိုတော့ သူတို့ကင်းပတ်သေးတယ်၊ သူတို့ပြန်သွားပြီး စခန်းထဲရောက်မှာကြဲခဲ့တာ" လို့  DK PDF-MMU အဖွဲ့တာဝန်ခံက ပြောပါတယ်။

လက်ကမ်းစာစောင်တွေ ဖြန့်တဲ့အချိန် ပြည်သူလူထုတွေက ဝန်းရံပေးခဲ့ကြသလို စာစောင်တွေကိုလည်း  ကောက်ယူသွားကြတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံနေရတဲ့ ရဟန်းရှင်လူ ပြည်သူလူထုတွေ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#မြင်းမူ #ဒေါ်အောင်ဆန်းစုကြည် #၇၈နှစ်ပြည့်မွေးနေ့ #လက်ကမ်းစာစောင်ဖြန့် #DKPDF #MMU

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10