ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ရေနံချောင်းဒေသခံတွေ ပန်းသပိတ်ပြုလုပ်ခဲ့

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ရေနံချောင်းဒေသခံတွေ ပန်းသပိတ်ပြုလုပ်ခဲ့

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း  ကျေးရွာတရွာမှ ဒေသခံတွေဟာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရအဖြစ် ဇွန်လ ၁၈ ရက် ည၈နာရီကျော်မှာ ပန်းသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်ပြုလုပ်ခဲ့သူတဦးက ပြောပါတယ်။

ပန်းသပိတ်ကို တက်ကြွလှုပ်ရှားသူ ၁၅ ဦးက ဦးဆောင်ပြီးတော့ ကျေးရွာထဲက သက်ကြီးရွယ်အိုတွေ၊ လူလတ်ပိုင်းအမျိုးသားတွေနဲ့ ကလေးသူငယ်တွေက လက်သုံးချောင်းထောင်ပြီး ပန်းစည်းတွေကိုင်ကာ နှင်းဆီပန်းပွင့်ကို ပန်ဆင်ခဲ့ကြတာဖြစ်ပါတယ်။


"အမေ့မွေးနေ့ဆိုတော့ အမှတ်တရပေါ့။ ကျမတို့တွေက အမေနဲ့အတူ အမြဲတမ်းရှိတဲ့အကြောင်းကို ကျမတို့ရင်ထဲကဆန္ဒတွေကို လက်သုံးချောင်းနဲ့ ထုတ်ဖော်လိုက်တာ"
လို့  သပိတ်ဦးဆောင်သူ အမျိုးသမီးတဦး က ပြောပါတယ်။

သပိတ်အင်အားစုတွေကလည်း ဇွန်လ ၁၉  ရက်ဒီကနေ့မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့်မွေးနေ့မှာ ပန်းသပိတ်ပြုလုပ်ဖို့ တနိုင်ငံလုံးက ပြည်သူတွေကိုလည်း နှိုးဆော်ထားပါတယ်။


စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #ပန်းသပိတ် #CDM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10