ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို သပိတ်လှုပ်ရှားမှု ကလေးမြို့မှာ ပြုလုပ် (Photo News)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို သပိတ်လှုပ်ရှားမှု ကလေးမြို့မှာ ပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။ 

အဲဒီလှုပ်ရှားမှုမှာ စစ်ကောင်စီရဲ့လေကြောင်းရန်ကို သတိထားပြုလုပ်ခဲ့ကြရပြီး " ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ " စာတန်းပါ ဘန်နာတွေကိုင်စွဲကာ သပိတ်ပွဲဆင်နွှဲခဲ့ကြတာလို့ ကော်မတီဝင်တဦးက ပြောပါတယ်။  

ဒီသပိတ်လှုပ်ရှားမှုကို ကလေးမြို့နယ်လူထုတိုက်ပွဲဦးဆောင်ကော်မတီဦးဆောင်ခဲ့ပြီး တော်လှန်သော ကလေးမြို့ဒေသခံပြည်သူထုတွေ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#စစ်ကိုင်း #ကလေးမြို့ #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #ပန်းသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10