ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အရာတော်နဲ့ မြင်းမူမှာ ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲပြုလုပ်

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အရာတော်နဲ့ မြင်းမူမှာ ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်အဖြစ် သပိတ်အဖွဲ့ဝင်တွေနဲ့ ပြည်သူလူထုပူးပေါင်းပြီး ပန်းသပိတ်နဲ့ ဓာတ်ပုံပြပွဲ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇွန် ၁၉ ရက် ဒီကနေ့ မနက်ပိုင်းက အရာတော်မြို့နယ်ထဲက ကျေးရွာတရွာမှာ အရာတော်မြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ဓာတ်ပုံပြပွဲနဲ့ ကျောင်းသားထုသပိတ် စစ်ကြောင်း ချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြင်းမူမြို့နယ်ထဲက ကျေးရွာတရွာမှာ မြင်းမူမြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့  အရာတော် မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ မွေးနေ့အထိမ်းမှတ်အဖြစ် “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” ဘန်နာကိုင်ဆွဲကာ လူထုသပိတ်စစ်ကြောင်းချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော်မြို့ #မြင်းမူ #လူထုခေါင်းဆောင် #ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ #ဓာတ်ပုံပြပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10